Monday, June 11, 2012

နာဇီ စစ် အကျဉ်းစခန်းကို သွားရောက် လည်ပတ်ခဲ့သည့် အင်္ဂလန် အသင်း

ယူရို ပြိုင်ပွဲဝင် အင်္ဂလန် အသင်းဟာ နာဇီစစ် အကျဉ်းစခန်းကို သွားရောက် လည်ပတ်ခဲ့ကြောင်း သိရပါတယ်။ အင်္ဂလန် အသင်းဟာ ယူရိုပြိုင်ပွဲယှဉ်ပြိုင်ရန် အတွက် ပိုလန် နိုင်ငံကို ရောက်ရှိနေတာ လည်း ဖြစ်ပါတယ်။ ယူရို ပြိုင်ပွဲ အုပ်စု အဖွင့်ပွဲ အဖြစ် ပြင်သစ် အသင်းနဲ့ မကစားခင်မှာ နည်းပြ ရွိုင်းဟော့ဆန် နဲ့ အင်္ဂလန် ကစားသမားတွေဟာ ပိုလန် နိုင်ငံမှာ ရှိတဲ့ နာဇီစစ် အကျဉ်းစခန်းကို သွား ရောက် လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ နာဇီစစ် အကျဉ်းစခန်းဟာ အင်္ဂလန် ကစားသမားတွေ လေ့ကျင့်ခန်း ဆင်းနေတဲ့ ခရာကောမြို့နဲ့  ၇၀ ကီလိုမီတာ အကွာမှာ ရှိတာလည်း ဖြစ်ပါတယ်။  နာဇီ အကျဉ်းစခန်းကို သွားရောက် လည်ပတ်ခဲ့တဲ့ အထဲမှာ အက်ဖ်အေ သဘာပတိ ဒေးဗစ်ဘန်းစတင်း နဲ့ အခြား အရာရှိတွေလည်း ပါဝင်ခဲ့ကြောင်းကိုလည်း သိရပါတယ်။ အဆိုပါ နာဇီအကျဉ်း စခန်းဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီတွေ အနေနဲ့ ဂျူးလူမျိုးတွေကို ချုပ်နှောင်ခဲ့တဲ့ နေရာလည်း ဖြစ်ပြီး ၁၉၃၀ ထဲက ဆောက်လုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂလန် အသင်းသားတွေဟာ နာဇီ အကျဉ်းစခန်းကို သွားရောက် လည်ပတ်ခဲ့ အချိန်မှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ အနက်ရောင် အ၀တ်အစားတွေကို ၀တ်ဆင် သွားခဲ့ပါတယ်။

အင်္ဂလန် အသင်းခေါင်းဆောင် ဂျရတ် နဲ့ တယ်ရီ တို့ကလည်း အဆိုပါ နာဇီ အကျဉ်းစခန်းမှာ ရှိတဲ့ ရှရင်ဒလာ ပြတိုက်ကို သွားရောက် ကြည့်ရှုခဲ့ကျပါတယ်။ အင်္ဂလန် ကစားသမားတွေဟာ နာဇီစစ် အကျဉ်းစခန်း တစ်ခုလုံးကို လှည့်ပတ် ကြည့်ရှုခဲ့ပြီး နောက်မှာတော့ တည်းခိုရာ ခရာကောမြို့ကို ပြန်လည် သွားရောက်ခဲ့ကြပါတယ်။ အင်္ဂလန် အသင်းဟာ ယူရို ၂၀၁၂ ပြိုင်ပွဲ အဖွင့် ပွဲစဉ်အဖြစ် တနင်္လာနေ့မှာ ပြင်သစ် အသင်းနဲ့ ကစားရမှာ ဖြစ်ကြောင်း သိရပါတယ်။
MRTV4

No comments:

Post a Comment