Friday, June 8, 2012

လန်ဒန်မြို့ကို ပြန်ရောက်လာခဲ့သည့် ဒီဖိုး

အင်္ဂလန် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဂျာမိန်းဒီဖိုးဟာ ဖခင်ဖြစ်သူ ဂျင်မီ သေဆုံးသွားခဲ့တဲ့ အတွက် လန်ဒန်မြို့ကို ပြန်လည် ရောက်ရှိလာခဲ့ကြောင်းသိရပါတယ်။ ဒီဖိုးဟာ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ အတွက် အင်္ဂလန် အသင်းနဲ့အတူ ပိုလန် နိုင်ငံ ခရာကောမြို့ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီဖိုးဟာ ဖခင်ဖြစ်သူရဲ့ ဈာပန အခမ်းအနားကြောင့် အင်္ဂလန် နိုင်ငံကို ပြန်လာခဲ့တာ ဖြစ်ပြီး တနင်္လာနေ့မှာ ကစားရမယ့် ပြင်သစ် အသင်းနဲ့ အုပ်စု အဖွင့်ပွဲကို လွဲချော်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

အသက် ၂၉ နှစ် အရွယ်ရှိ ဒီဖိုးဟာ ခရာကောကနေ မိသားစုနဲ့အတူ ပြန်လည် ရောက်ရှိ လာခဲ့တာလည်း ဖြစ်ပါတယ်။ အက်ဖ်အေက ဒီဖိုးရဲ့ ဖခင် ဖြစ်သူဟာ မနေ့ညက သေဆုံးသွားခဲ့ပါတယ်။ ဒီဖိုးဟာ ဖခင် ဖြစ်သူရဲ့ နာရေး သတင်းကြောင့် အင်္ဂလန်ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အင်္ဂလန် အသင်းဟာ တိုက်စစ်မှူး ရွန်းနီကလည်း ပွဲပယ် ပြစ်ဒဏ်ကြောင့် အုပ်စု အဖွင့်ပွဲ ၂ ပွဲကို လွဲချော်မှာ ဖြစ်ပြီး လူငယ် တိုက်စစ်မှူး ၀ဲလ်ဘတ်ကလည်း တံကောက်ကြော ဒဏ်ရာကြောင့် ပြင်သစ် အသင်းနဲ့ ပွဲကို လွဲချော်ဖွယ် ရှိနေပါတယ်။

ဒါ့ကြောင့် ဒီဖိုးရဲ့ အုပ်စု အဖွင့်ပွဲ လွဲချော်ဖွယ် ရှိနေခြင်းဟာ တိုက်စစ်မှူး ရှားပါးနေတဲ့ အင်္ဂလန် အသင်းအတွက် သတင်းဆိုးပဲ ဖြစ်ပါတယ်။ အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်ကလည်း ပြင်သစ် အသင်းနဲ့ ပွဲမှာ ဒီဖိုး မပါပဲ ကစားရမှာကို စိုးရိမ်နေကြောင်းကိုလည်း သိရပါတယ်။ ဒီဖိုးဟာ ပြီးခဲ့တဲ့ ဆလိုဗေးနီးယား အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂိုးသွင်း ယူနိုင်ခဲ့သလို ဘူဂေးရီးယားနဲ့ ယူရိုခြေစစ် ပွဲမှာလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ ပြင်သစ် အသင်းနဲ့ အုပ်စု အဖွင့်ပွဲ အမီ ဒီဖိုး ပြန်ရောက်ခဲ့ပါက တိုက်စစ်မှာ ၀ဲလ်ဘတ် နဲ့ အန်ဒီကာရိုးလ်တို့ထဲက တစ်ယောက်ယောက်နဲ့ တွဲဖက်ပြီး ပွဲထွက် ကစားစေမှာ ဖြစ်ကြောင်းကိုလည်း သိရပါတယ်။
MRTV4

No comments:

Post a Comment