Monday, June 11, 2012

အဖွင့် ပွဲစဉ်မှာ တစ်ခဲနက် အားပေးခဲ့ကြတဲ့ ပိုလန် ပရိတ်များ

ယူရို ၂၀၁၂ ပြိုင်ပွဲရဲ့ အိမ်ရှင်နိုင်ငံ အသင်း တစ်သင်းဖြစ်တဲ့ ပိုလန် အသင်းရဲ့ ပရိသတ်များဟာ ယူရိုပြိုင်ပွဲ အဖွင့်ပွဲစဉ် ဖြစ်တဲ့ ပိုလန် အသင်းရဲ့ ပွဲစဉ်ကိုတစ်ခဲနက် လာရောက် အားပေးခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။ ယူရို ပြိုင်ပွဲ အဖွင့်ပွဲစဉ် ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အိမ်ရှင် ပိုလန် အသင်းနဲ့ ယူရို ၂၀၀၄ ချန်ပီယံ ဂရိ အသင်းတို့ တွေ့ဆုံ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်အတွက် ပိုလန် ပရိသတ်ပေါင်းများစွာဟာ ပြိုင်ပွဲ ကျင်းပရာ အမျိုးသား အားကစား ကွင်းပြင်ပမှ လမ်းများပေါ် အထိ အပြည့်အနက် လာရောက် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပိုလန် ပရိသတ်များဟာ မျက်နှာမှာ ပိုလန်နိုင်ငံ အလံများကို ဆေးရောင်စုံ ရေးဆွဲခဲ့ကြပြီး အသင်းကို  နောက်တစ်ဆင့် တက်လှမ်းနိုင်ရေး အတွက် မျှော်လင့်ပြီး အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ဟာ ပွဲကစားချိန် ၁၇ မိနစ်မှာ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ သွင်းဂိုးကြောင့် ပိုမို အသက် ၀င်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ပိုလန် အသင်းဘက်က အခွင့်အရေးများစွာ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် ဒုတိယပိုင်း စပြီး ၆ မိနစ်ခန့် အကြာမှ ဂရိ အသင်းက ချေပဂိုး ပြန်လည် သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ ပိုလန် ပရိသတ်တွေရဲ့ အားပေးမှုဟာ အရာမရောက်ခဲ့ပဲ သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရတာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment