Friday, June 15, 2012

ကောလဟာလသတင်းများကြောင့် မိဘများက ကလေးများအား ကျောင်းသို့မလွှတ်ရဲ

ရန်ကုန်မြို့တွင် ဆန္ဒပြရုန်းရင်းဆန်ခတ်ဖြစ်မှုများ ဖြစ်ပွားမည်ဆိုသည့်ကောလဟလများကြောင့် မြို့တွင်းရှိ နေရာအချို့တွင်လူအသွားအလာကျဲပါးလျက်ရှိပြီးမိဘများကကလေးများအား ကျောင်း
သို့မလွှတ်ကြောင်း ကလေးမိဘများထံက သိရှိရသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှုဖြစ်မည်ဆိုသည့် ကောလဟာလများသည် ရန်ကုန်မြို့ရှိဗလီများ၊ ဘုရားများအား အပြန်အလှန် ဖျက်ဆီးမည်ဆိုသော သတင်းများသည်လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကပင် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“သတင်းတွေ ကြားနေရတာတော့ကြာပြီ (၁၅)ရက်နေ့မှာရုန်းရင်းဆန်ခတ်မှုတွေဖြစ်မယ်။ ဗလီတွေဖျက်မယ်။ဘုရားတွေဖျက်မယ်ဆိုပြီးတော့ကြားနေရတာကြောင့်ကလေးတွေကို ကျောင်းမ
လွှတ်တာပါ။ မဖြစ်ပါစေနဲ့လို့ လည်းဆုတောင်းနေ  ရတယ်။” ဟု ကျောင်းသားတစ်ဦး၏ မိခင် ဒေါ်သက်သက်အောင်ကပြောသည်။

အဆိုပါ ကောလဟာလ ကိစ္စရပ်များဖြစ်ပေါ်မှုကြောင့် ရန်ကုန်မြို့တွင်းရှိပညာသင်ကျောင်းအချို့မှ ဆရာ၊ ဆရာမများသည်လည်းကလေးများကို ပြန်လာခေါ်ရန်မိဘများကိုအကြောင်းကြားခဲ့ကြောင်းနှင့် ကျောင်
သားမိဘများမှာလည်းမိမိ၏ကလေးများကို  ကျောင်းမှပြန်လည် ခေါ်ယူနေကြောင်း ကျောင်းသားမိဘများ
ထံမှသိရှိ ရသည်။

ဇွန်လ(၁၅)ရက်နေ့တွင် ရန်ကုန်မြို့၌ ယခင်နေ့များကထက်လူသွားအလာကျဲပါးလျက်ရှိကြောင်းကိုလည်း ပြည်သူများထံက သိရသည်။

  “ကျွန်တော် အိမ်ကနေ မနက်(၆)နာရီ ကတည်းကထွက်လာတာ ခုထိကိုလာငှားတာမရှိသေးဘူး အရင် နေ့တွေ ဆို ဒီအချိန်လောက်ကသုံးလေးကြောင်းလောက်ရပြီးနေပြီ အသွားအလာလည်းကျဲတယ်လို့ ထင်မိ တယ်။”ဟုမြောက်ဒဂုံမှ   တက္ကဆီမောင်းသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ပွဲစားတစ်ဦးအားဖုန်းဆက်မေးမြန်းရာတွင်ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း၌လည်း တိတ်ဆိတ်နေကြောင်း သိရှိရသည်။
“ခဏနေမှ ပြန်ဆက်ပေးပါ။ အကိုခုပွဲစားတန်းကို မသွားသေးဘူး။ရုတ်ရုတ်အသံတွေကြားလို့မြို့ကို နည်းနည်း ပတ်ကြည့် လိုက်ဦးမယ်။ပွဲစားတန်းမှာလည်းအခု ဘယ်သူမှ ရှိဘူး။”ဟု ဟံသာဝတီကားပွဲစားတန်းမှကားဝယ်ရောင်းလုပ်ကိုင်သူ ကိုမောင်မောင်စိုးကပြောသည်။

အဆိုပါ ကောလဟာလသတင်းများကြောင့်ရန်ကုန်မြို့လူစည်ကားရာ ဈေးရှိဈေးဆိုင်အချို့မှာလည်း ပြသာ
နာအားရှောင်ရှားလို၍ ပိတ်ထားကြမည်ဖြစ်ကြောင်းသိရသည်။

“ဈေးကတော့မပိတ်ဘူး။ ဒီမှာရှိတဲ့ ဆိုင်တော်တော်များများတော့ ပိတ်ထားတယ်။မနက်လာဖွင့်ပြီး ခုပိတ်နေ ကြတဲ့ဆိုင်တွေ ရှိတယ်။ ပိတ်လက်စဆိုင်တွေလည်းရှိတယ်။ တော်တော်လည်းများတယ်။ ညီမတို့လည်း ခဏ နေရင် သိမ်းတော့မှာအော်ဒါ လက်ခံထား  တာလေးတွေရှိလို့ လာဖွင့်တာ။”ဟု ဗိုလ်ချုပ်ဈေးရှိ ရူရူယာဉ်ဖိနပ်ဆိုင် ၀န်ထမ်းတစ်ဦးကပြောသည်။
ထွန်းနေအောင်(မြစ်မခ)

No comments:

Post a Comment