Thursday, June 14, 2012

မိမိရဲ့ အိမ်မက် အမှန်တကယ် ဖြစ်လာကြောင်း ပြောကြားခဲ့သည့် ပိုဝဲလ်

ခရူဝီ အသင်းကနေ မန်ယူ အသင်းကို ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး ပိုဝဲလ်က မိမိရဲ့ အိမ်မက် အမှန်တကယ် ဖြစ်လာကြောင်း ပြောကြားခဲ့ပါတယ်။
ပိုဝဲလ်ဟာ မန်ယူ အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။ ပိုဝဲလ်ဟာ အင်္ဂလန် အသက် ၁၈ နှစ်အောက် အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အာဆင်နယ် ၊ ချဲလ်ဆီးနဲ့ မန်စီတီး အသင်းတို့ကလည်း ခေါ်ယူရန် စီစဉ်ခဲ့တာ ဖြစ်ပြီး ကစားသမားကတော့ မန်ယူ အသင်းကိုသာ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ တာ ဖြစ်ပါတယ်။

မန်ယူ အသင်းဟာ ပိုဝဲလ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၂.၇ သန်းသာ စတင် ပေးချေရမှာ ဖြစ်ပါတယ်။ ဘလက်ဘန်း အသင်းဟာ ပိုဝဲလ်ကို အငှားနဲ့ ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ဖာဂူဆန်က ပယ်ချခဲ့ပြီး အသင်းရဲ့ ပထမ လူစာရင်းမှာ အသုံးပြုသွားရန် စီစဉ်နေတာ ဖြစ်ပါတယ်။ ဖာဂူဆန်က ပြောကြားခဲ့ရာမှာတော့ မိမိတို့ဟာ ပိုဝဲလ်ရဲ့ ခြေစွမ်းကို တစ်လကြာ စောင့်ကြည့်ခဲ့ကြောင်း ၊ သူဟာ အရည်အချင်း ပြည့်ဝတဲ့ လူငယ်တစ်ဦး ဖြစ်ကြောင်း ၊  ခရူဝီလ် အသင်း အတွက်လည်း အကောင်းဆုံး ကစားခဲ့တာကြောင့် ၊ ယခုလို မိမိတို့ ခေါ်ယူခဲ့တာ ဖြစ်ကြောင်း ၊ သူဟာ အသင်းရဲ့ ရှေ့တန်းမှာ ခြေစွမ်း ပြသနိုင်မယ်လို့ ယုံကြည်ကြောင်း သိရှိရပါတယ်။

မန်ယူ အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းထံ ဒေါ့မွန် အသင်း ကွင်းလယ်လူ ကာဂါဝါ နဲ့ ပိုဝဲလ်တို့ နှစ်ဦးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ပိုဝဲလ်က မိမိဟာ မန်ယူ အသင်းကို ပြောင်းရွှေ့နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိကြောင်း ၊ မိမိဟာ ငယ်စဉ်ကတည်းက မန်ယူ အသင်းမှာ ကစားလိုတာ ဖြစ်ကြောင်း ၊ ခရူဝီလ် အသင်းမှာလည်း အကောင်းဆုံး ကစားနိုင်ခဲ့ကြောင်း၊ ဖာဂူဆန်က မိမိကို ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးဖြစ်အောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ကြောင်း ၊ လာမယ့် ရာသီမှာ မန်ယူ အသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ရန် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
MRTV4

No comments:

Post a Comment