Wednesday, June 27, 2012

ရခိုင်ကျေရွာများ လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များစေလွှတ်


ရခိုင်ပြည်နယ်အတွင်းပဋိပက္ခပြဿနာများ ဖြစ်ပေါ်နေသည့်ကာလမှစတင်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံနယ်
စပ်ရှိရခိုင် ကျေးရွာများအတွက်ဘင်္ဂလားဒေ့ရှ်အစိုးရမှလုံခြုံရေးတပ်ဖွဲ့ဝင်များစေလွှတ်၍ ကျေးရွာလုံခြုံရေး
အတွက် တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနစ်မြို့၊ မြစ်နားရွာမှ မ၀င်းဝင်းအေးက ပြောသည်။
“ဖြစ်စဉ်ဖြစ်တဲ့နေ့က စပြီးတော့ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်အဖွဲ့တွေက ကျွန်မတို့ ရခိုင်အများစုနေတဲ့ ရွာတွေကို လုံခြုံ ရေးအတွက် လာပြီးစောင့်ရှောက်ပေးနေပါတယ်” ဟု သူမကပြောသည်။
ဖြစ်စဉ်ဖြစ်ပွားသည့် နေ့များမှစတင်၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပုံမှန်ထက် သုံးဆ ခန့်ပိုမိုတိုးမြှင့် တာဝန်ချထားပေးကြောင်း တက္ကနစ်မြို့မှ ရခိုင်အမျိုးသား ကိုနိုင်နိုင်က ပြောသည်။
“ရခိုင်ဖက်မှာ ဖြစ်စဉ်တွေဖြစ်နေပေမယ့် ကျနော်တို့ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကျနော်တို့ ရွာတွေအတွက် လုံ ခြုံရေး ချပေးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေက ကျနော်တို့ရွာတွေကို မီးဝင်ရှို့ ပြီး ဒုက္ခပေးမယ်လို့ ကြားနေရတဲ့အတွက် လုံခြုံရေးချထားပေးတာလို့ ပြောတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ နှင့် တက္ကနစ်မြို့အကြားတွင် နေထိုင်သော ရခိုင်အမျိုးသား ကိုစိုးလင်းထွန်းက တယ်လီဖုန်းဖြင့် ပြောသည်။
သတင်း- ဥက္ကာကိုကို၊ ဖိုးသီဟ
naytthit.net

No comments:

Post a Comment