Sunday, June 10, 2012

စစ်တွေမြို့တွင် ဖြစ်ပွားနေသော သတင်းများ

ဇွန်လ ၁၀၊ ၂၀၁၂၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်။
 ယနေ့ နံနံက် ၉ နာရီခွဲ အချိန်တွင်  မင်းဂံရပ်ကွက်  (ဒိုးမြောင်ရပ်ကွက်)အား ရခိုင်များက မီးရှီုးခဲ့ရာ   ရခိုင်သားတစ်ဦးအား ဘင်္ဂလီများက၀ိုင်းရိုက်လိုက်သဖြင့်  အရေးပေါ်ဆေးရုံတင်ထားရကြောင်းသိရသည်။
“ ဘင်္ဂလီတွေက သူကို့ဓါးနဲ့လိုက်ခုတ်လို့ အပြင်းထန်ဒဏ်ရာ ရသွားတယ်၊လူနာကိုတောင်ရခိုင်တွေ ဘင်္ဂလီတွေဆီကမနည်းလုယူခဲ့ရတယ်’’ဟုစစ်တွေမြို့မင်းဂံရပ်ကွက်မှ  ဦးလှမောင်က ပြောသည်။
 
ယနေ့ နံနက်   ၉ နာရီကျော်  တွင်  စစ်တွေမြို့ မင်းဂံရပ်ကွက် ( အကွက်  ၇-၈- ) ရှိ  ဘင်္ဂလီ နေအိမ်များ အား ရခိုင်အမျိုးသားများက မီးရှို့ခဲ့သည်။စုစုပေါင်း အိမ်ခြေ နှစ်ရာကျော် ရှိပြီးဖြစ်ကြောင်းသိရသည်။
 
“ ကျနော်တို့ က ဘင်္ဂလီအိမ်တွေကို မီးမရှို့ရင် သူတို့က ကျနော်တို့အိမ်တွေကိုလာရှို့ကြမှာ ၊ဒါကြောင့် ကျနော်တို့  မီးရှီုးရတာဖြစ်တယ်၊မနေ့ညကလဲ အကွက် (၁၃)မှာ ဘင်္ဂလီတွေ ဟာ ရခိုင်အိမ်တွေကိုမီးရှီုးခဲ့တယ်“ဟုဒေသခံတစ်ဦးကပြောသည်။
 
 ယခု မင်း ဂံရပ်ကွက်ကလူကြီးလူငယ်တွေ ဟာ ဘေးကင်းရာသို့ရွှေးနေရပါတယ်၊   အခုမင်းဂံ အကွက် (၁၃)(၁၄)  ကစတဲ့ ဒေသခံတွေဟာမနေရဲတော့ဘဲဟိုရောက်ဒီရောက်ဖြစ်နေကြတယ်“ဟုဒေသခံတစ်ဦးကပြောသည်။
 
ယနေ့ မြန်မာစံတော်ချိန် ၁၀း ၃၀စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် (၁၃) (၁၇) တွင်  ရခိုင်နှစ်ဘင်္ဂလီများနှစ်ဘက်တင်းမာနေသည်၊။ ရဲကလုံခြုံရေးချထားသည်။   အဆိုပါအရေးအခင်းသို့ ရခိုင်ဘက်မှ အင်အားဖြည့်ရန် ကျေးတော၊ ရွှေပြည်သာစသည့်ကျေးရွာများက အင်အား ဖြည့်ပေးနေရကြောင်းသိရသည်။
 
ဒုက္ခသည်များဘေးကင်းရာသို့ပြောင်းရွှေ့လက်ရှိတွင် စစ်တွေမြို့ မင်းဂံရပ်ကွက်မှလူငယ်လူကြီးများသည်ဘေးကင်းရာသို့ ပြောင်းရွှေ့နေရသည်။  ဒုက္ခသည်များသည် လက်တလောတွင်အာကျိတ်တော်ကုန်း  ရှိ အဓိဌာန်ကျောင်းတွင်  ခုံလုံနေရသည်။
 
စစ်တွေဈေးဆိုင်ခန်းများပိတ်ထားစစ်တွေမြို့ရှိဆိုင်ခန်းများအားလုံးပိတ်ထားရသည်။ နေရာအနှံ့လုံခြုံရေး
ချထားသည်။
 
ဇွန် ၉ ရက်နေ့၊၂၀၁၂၊စစ်တွေမြို့၊ ရခိုင်ပြည်နယ်။
 
နေ့လည်ပိုင်း  တွင် ဘုမေရပ်ကွက်မှ ဘင်္ဂလီ ၂၀၀ကျော်သည် စစ်တွေမြို့ ဓည၀တီရပ်ကွက်   ပြည်နယ် ပညာရေးမှူးရုံးလမ်းကြား)သို့ချီတက်လာရာရုံးအားခဲများဖြင့်ပစ်ပေါက်ကြသည်၊ထိုဖြစ်ရပ်အား ဒေသခံ
များကတားဆီးနိုင်ခဲ့သည်။ရဲက နှစ်ဘက်ညိနှိုင်းခဲ့သော်လည်း ပြည်လည်မှု မရခဲ့သလို
ညနေပိုင်းတွင်ပိုဆိုးလာသည်။
 
ညနေတွင်   နှစ်ဘက် ပြင်းထန်လာခဲ့သည်။ ဒေသခံရခိုင်များကင်းလှည့်နေရသလို လုံခြုံရေးကို အထူးစိုရိမ်းနေရသည်။
 
ညနေ  ၈နာရီကျော်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် (၁၇)အကွက်သစ်တွင် ဒေသခံ ရခိုင်နေအိမ်များကို ဘင်္ဂလီများမီးရှီးဖျက်ဆီးခဲ့သည့်အပြင်   ယင်းရပ်ကွက်နေ  ဦးဘဆွေ(စစ်ပြန်) အား  ဘင်္ဂလီများကဆွဲယူသွားကြောင်း၊အဆိုပါ ရခိုင်သားတစ်ဦးအားဘင်္ဂလီများက
သတ်ပစ်ခဲ့ကြောင်း သိရသည်။
 
ညအချိန် တွင် စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၁)  မှဝေသာလီကျောင်းအား ဘင်္ဂလီလူမျိုးများ စတင်မီးရှီုးရန်ကြိုးစားခဲ့သော်လည်းဒေသခံများနှင့်ရဲများ  အချိန်မီတားဆီးနိုင်ခဲ့သည်။
 
မနေ့က ညဉ့် ဘူမေ ရွာ မှာ ရဲက ကင်းချတယ်၊ ဘင်္ဂလီ ၇၀၀ ကျော်ချီတက်လာတယ်၊
အဲဒီ အချိန်က ရဲကသေနတ်နဲ့မိုးပေါ်ထောင်ပစ်တယ်၊ ဒါပေမယ့်
ကျည်ဆံသာကုန်သွားတယ် ဘင်္ဂလီ တွေကနောက်မဆုတ်ဘူး။ အဲဒီအချိန်ရဲတပ်အကူရောက်လာလို့ အချိန်မီတားဆီးနိုင်ခဲ့တယ်။
ရခိုင်ပြည်နယ် သတင်းထောက်

No comments:

Post a Comment