Monday, June 11, 2012

လက်ရွေးစင် ကစားသမား ဘ၀ အဆုံးသတ်သွားနိုင်ကြောင်း ပြောကြားခဲ့သည့် ဖာဒီနန်

မန်ယူ အသင်းရဲ့ နောက်ခံ ကစားသမား ဖာဒီနန်က သူ့ရဲ့ လက်ရွေးစင် ကစားသမား ဘ၀ဟာ အဆုံးသတ်သွားနိုင်ကြောင်း ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။ ဖာဒီနန်ဟာ အင်္ဂလန် အသင်းရဲ့ နည်းပြသစ် ဖြစ်လာချိန်မှာတော့ အသင်းရဲ့ လူစာရင်းမှ ချန်လှပ်ခြင်း ခံခဲ့ရတာကြောင့် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖာဒီနန်ဟာ အစောပိုင်း ထုတ်ပြန်ခဲ့တဲ့ အသင်းရဲ့ ယူရိုပြိုင်ပွဲဝင် လူစာရင်းမှ ချန်လှပ်ခြင်း ခံခဲ့ရသလို ဒဏ်ရာရ ကစားသမားတွေ များပြားလာချိန်မှာလည်း ရွေးချယ်ခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်။

ဖာဒီနန်ဟာ ပြီးခဲတဲ့ ရာသီက မန်ယူ အသင်းအတွက် ခြေစွမ်း ပြနိုင်ခဲ့သောလည်း ရိုင်းဟော့ဒ်ဆန်က မရွေးချယ်ခဲ့တာကြောင့် မီဒီယာ အချို့ရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာ ဖြစ်ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြန်လည် ပြင်ဆင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖာဒီနန်က မိမိရဲ့ လက်ရွေးစင် ကစားသမား ဘ၀ဟာ အဆုံးသတ်သွားနိုင်ကြောင်း မိမိဟာ ယူရို ပြိုင်ပွဲကို လွဲချော်ရုံသာ မကကြောင်း ၊ မိမိရဲ့ ဘ၀တစ်ခုလုံးကို လွဲချော်ခဲ့သလို ခံစားရကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖာဒီနန်ဟာ လက်ရှိ အချိန်မှာတော့ အသက် ၃၃ နှစ် အရွယ်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့်လည်း ယခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းရဲ့ နည်းပြ ရိုင်းဟော့ဆန်ဟာ ဖာဒီနန်ကို ချန်လှပ်ခဲ့ခြင်းကြောင့် မီဒီယာတွေရဲ့ ထိုးနှက်ခြင်းကို ခံခဲ့ရသလို အခြားသော ယူရို ပြိုင်ပွဲဝင် ကစားသမားတွေကလည်း ဝေဖန်ခဲ့ကြကြောင်း သတင်း ရရှိပါတယ်။
MRTV4

No comments:

Post a Comment