Saturday, June 2, 2012

အမည်ပြောင်းပြီး ကျင်းပမည့် ကားလင်းဖလား ပြိုင်ပွဲ

အင်္ဂလန် ဘောလုံး ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ ကားလင်းဖလား ပြိုင်ပွဲကို နာမည်ပြောင်း ပြီး ကျင်းပမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ကာလင်းဖလား ပြိုင်ပွဲဟာအင်္ဂလန်ရဲ့ လိဂ်အသင်းစုံ ၀င်ရောက် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။ ကာလင်းဖလား ပြိုင်ပွဲဟာ ရှုံးထွက် စနစ်နဲ့ ယှဉ်ပြိုင်ရတာလည်း ဖြစ်ပါတယ်။  ကာလင်းဖလား ပြိုင်ပွဲကို လာမယ့် ရာသီ အစကနေ စပြီး ကပ်ပီတယ်လ်ဝမ်း ဆိုပြီး ပြောင်းလဲ ခေါ်ဝေါ်တော့မှာလည်း ဖြစ်ပါတယ်။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ဟာ ကပ်ပီတယ်ဝမ်း ကုမ္ပဏီနဲ့ လေးနှစ် သက်တမ်းရှိတဲ့ စပွန်ဆာ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ဟာ ကာလင်းဖလား ပြိုင်ပွဲကို ကပ်ပီတယ်လ်ဝမ်းဆိုတဲ့ နာမည်ကို ပြောင်းလဲ ကျင်းပမှာလည်း ဖြစ်ပါတယ်။ ကာလင်းဖလား ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ အသင်းကတော့ လီဗာပူးလ် အသင်းဖြစ်ပြီး ချန်ပီယံရှစ် ကလပ် ကာဒစ်ဖ် အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်  ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

ကာလင်းဖလား ပြိုင်ပွဲကို ကပ်ပီတယ်ဝမ်း ဖလားပြိုင်ပွဲ အဖြစ် ဇွန်လ ၁၄ ရက်နေ့မှာ ပြန်လည် စတင် ကျင်းပမှာ ဖြစ်ပါတယ်။ ယခုနှစ် ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲကိုတော့ ၂၀၁၃ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ၀င်ဘလေ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment