Monday, June 18, 2012

ကုန်သေတ္တာယာဉ်များ မတော်တဆပျက်စီးပါက မော်တော်ယာဉ် ပို့ဆောင်ခ၏ ၁၀ ဆသာ ပေးလျော်မည်ဖြစ်ပြီး သေတ္တာတွင်းမှ ပစ္စည်းများပျောက်ပါက ပေးလျော်ခြင်း မပြုတော့ဟုသိရ

ကုန်သေတ္တာယာဉ်များ မတော်တဆမှုဖြစ်ပွား၍ ပျက်စီးပါက မော်တော်ယာဉ်ပို့ဆောင်ခ၏ ၁၀ ဆသာ ပေးလျော်မည်ဖြစ်ပြီးကုန်သေတ္တာအတွင်းမှပစ္စည်းများ ပျောက်ဆုံးပါက ပေးလျော်ခြင်း
 ပြုတော့မည် မဟုတ်ဟု သိရှိရသည်။
ကုန်သေတ္တာတင်ယာဉ်များသည် ရန်ကုန်မြို့တွင်း လမ်းမများမှ ကုန်သေတ္တာများကို သယ်ယူပို့ဆောင် ပေးရာတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ဖြစ်ပွားချိန်၌ ကုန်သေတ္တာ နှင့် ကုန်သေတ္တာတွင်းပါ ပစ္စည်းများ ပါပျက်စီးမှုရှိသည်ဟု သိရသည်။
ထို့ကြောင့် မော်တော်ယာဉ်ပိုင်ရှင်များ အနေဖြင့် ကုန်သေတ္တာပျက်စီးမှုအား သက်ဆိုင်ရာ ကုန်သေတ္တာ လိုင်းများမှကျေနပ်စေရန် ပြုပြင်ပေးလျော်ရသည့်အပြင် ကုန်သေတ္တာ အတွင်း ပါဝင်သောပစ္စည်းများ ပျက်စီးသည့်အတွက် ပစ္စည်းပိုင်ရှင်၊ ကုမ္ပဏီ ပိုင်ရှင်များနှင့် ပစ္စည်းတန်ဖိုးအား ညှိနှိုင်းပေးလျော်ရပြီး ပြန်လည်ပေး လျော်ရသည့် တန်ဖိုးမှာ မော်တော် ယာဉ်ပို့ဆောင်ခထက် အဆပေါင်း များစွာ ပေးလျော်ခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု သိရှိရပါ သည်။
ယင်းကဲ့သို့ဖြစ်စဉ်များကြောင့် ကုန်သေတ္တာယာဉ်ပိုင်ရှင်များသည် လုပ်ငန်းဆက်လက် လုပ်ဆောင်ရန် အခက်အခဲများ ရှိလာသောကြောင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
သို့ဖြစ်၍ ၂၀၁၂ ခုနှစ် မေလ အတွင်း ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်း အစည်းအဝေးတွင် ကုန် သေတ္တာတွင်းပါ ပစ္စည်းများ ပျက်စီး မှုကြောင့် ပေးလျော်ခြင်းကို ယာဉ် မတော်တဆမှုကြောင့် ပျက်စီးသွား သည့် ကုန်သေတ္တာအတွင်းပါ ပစ္စည်း တန်ဖိုးကို ပျက်စီးမှုအနည်းအများ အလိုက် အများဆုံးလျော်ကြေးငွေ အဖြစ် ထိုခရီးစဉ်အတွက် သတ်မှတ် ထားသော မော်တော်ယာဉ်ခ၏ ၁၀ ဆအတွင်းသာ ပေးလျော်မည်ဖြစ်ပြီး၊ ယင်းကားခ၏ ၁၀ ဆဆိုသည် မှာ ပျက်စီးသွားသည့် ကုန်ပစ္စည်း၏ အလျော်အစား အများဆုံးတန်ဖိုးသာ ဖြစ်သည်ဟု သဘောတူညီချက်အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့သည်ဟု သိရသည်။
ယင်းပြင်ကုန်သေတ္တာများအား ဆိပ်ကမ်းအတွင်းသို့ ၀င်ရောက်ရန် အတွက် စောင့်ဆိုင်းနေချိန်များတွင် မသမာသူအချို့မှာကုန်သေတ္တာ သော့များအား ဖြတ်တောက်၍ခိုးယူ နေကြောင်း၊ခိုးယူမှုကြောင့် ပျောက်
ဆုံးသွားသော ကုန်ပစ္စည်းတန်ဖိုးကို ယာဉ်ပိုင်ရှင်နှင့် ပို့ဆောင်ရေးဂိတ် များမှ စိုက်ထုတ်ပေးလျော်လျက် ရှိကြောင်း သိရသည်။
ယခုအခါ ပို့ဆောင်ရေးဂိတ်များ အနေဖြင့် ကုမ္ပဏီမှ လုံခြုံစိတ်ချစွာ ဆောင်ရွက်ထားသော ကုန်သေတ္တာများအား ယာဉ်မောင်းများ အနေဖြင့် ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းအကယ်၍အဆိုပါကုန်သေတ္တာအတွင်းမှပစ္စည်းများ လျော့နည်း
ပျောက်ဆုံးခြင်းကို ယာဉ်မောင်း နှင့် ပို့ဆောင်ရေးဂိတ်များမှ ငွေကြေး အရပေးလျော်ခြင်းကို ဆောင်ရွက်တော့မည် မဟုတ်ကြောင်းလည်း သိရပါသည်။
EMG

No comments:

Post a Comment