Thursday, June 7, 2012

အာရှာဗင်ကို သတိထားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည့် ရိုဆစ်စကီး

ချက် အသင်းရဲ့ ကွင်းလယ် ကစားသား ရိုဆစ်စကီး အနေဖြင့် ရုရှား အသင်းရဲ့ တိုက်စစ်မှူး အာရှာဗင်ကို သတိထားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့သတင်း ရရှိပါတယ်။ ချက် အသင်းဟာ လက်ရှိ အချိန်မှာတော့ ရုရှား အသင်းနဲ့တူ ယူရိုပြိုင်ပွဲမှာ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရိုဆစ်စကီးက အာရှာဗင်ကို သတိထားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာရှဗင်နဲ့ ရိုဆစ်စကီးတို့ဟာ အာဆင်နယ် အသင်းမှာ အတူတကွ ကစားခဲ့ဖူးတာ ဖြစ်တာကြောင့်လည်း ရိုဆစ်စကီးက အာရှဗင်ကို သတိထားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ အာရှဗင်ဟာ အက်ဒဗိုက်တ်ရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ရပ်တည်နေတာ ဖြစ်ပြီး ရုရှား အသင်းဟာလည်း မိမိတို့ အသင်းကို ဒုက္ခပေးလာနိုင်ကြောင်း ရိုဆစ်စကီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူရို ၂၀၀၈ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ ရုရှား အသင်းဟာ နောက်တစ်ဆင့်ကို တက် ရောက်နိုင်ကြောင်း ၊ သူတို့ အသင်းရဲ့ခြေစွမ်းကို လျှော့တွက်၍ မရကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ချက် အသင်းဟာ လက်ရှိ အချိန်မှာတော့ အသင်းရဲ့ ကစားသမား အချို့  ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး ရိုဆစ်စကီး ကိုယ်တိုင်လည်း ကြံ့ခိုင်မှု ပြည့်ဝရန် ရုန်းကန်နေရတာ ဖြစ်ပါတယ်။
MRTV4

No comments:

Post a Comment