Monday, June 11, 2012

စစ်ရေး စွမ်းအင်တွင် ထိပ်တန်း ၁၀ နိုင်ငံ စာရင်း၌ အီရန် ပါဝင်ဟု ကာကွယ်ရေး ဝန်ကြီးဆို

အီရန် ကာကွယ်ရေး ဝန်ကြီးဖြစ်သူ Ahmad Vahidi မှ ပြောရာ၌ အီရန်နိုင်ငံ အနေဖြင့် ကမ္ဘာပေါ်ရှိ ကာကွယ်ရေးအင်အားအကြီးဆုံး နိုင်ငံဆယ်ခုတွင်တစ်ခုအပါအဝင်အဖြစ်ပါဝင်နေပြီ ဖြစ်ကြောင်း ပြော
ကြားလိုက်ပြီ ဖြစ်သည်။

မိမိ အနေဖြင့် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုသည်မှာ အီရန် နိုင်ငံ၏ ကာကွယ်ရေး ကဏ္ဍမှာ ကမ္ဘာ့ ထိပ်တန်း နိုင်ငံများ ၏ လက်နက်စွမ်းအင်များထဲတွင် ထိပ်တန်း နိုင်ငံ ၁၀ ခု စာရင်း အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းသမားများသို့ တနင်္ဂနွေ နေ့က ပြောကြားခဲ့သည်။ ထို့အပြင် အီရန်နိုင်ငံ အနေဖြင့် ကာကွယ်ရေးနှင့် ပတ်သက်ပြီး စူပါစွမ်းအင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ၎င်းမှ ပြောခဲ့သည်။
presstv.ir

No comments:

Post a Comment