Saturday, June 30, 2012

ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် လူထု အံ့မခန်း ကြိုဆို

ဓာတ်ပုံများ- The Messenger's facebook

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ် သွားရောက်ခဲ့ပြီး အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ် အထိ လမ်းတလျှောက် မြန်မာနိုင်ငံသူ နိုင်ငံ သားများ က သောင်းသောင်းဖျဖျ ကြိုဆိုရေး မြင်ကွင်း တချို့ပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  မြန်မာကို ကမ္ဘာက သိအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတဦး ပီပီ အထူးသဖြင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး တယောက်ပီပီ ကမ္ဘာမှာ ပြိုင်စံရှားလောက်အောင် နိုင်ငံရေး သဘောတရားအမြင်တွေနဲ့  အတွေးအခေါ် ဒဿနာပိုင်းဆိုင်ရာတွေကို ချပြနိုင်ခဲ့တာတွေဟာ နိုင်ငံ တကာ ခေါင်းဆောင်တွေ လက်ဖျားခါရ လောက်အောင် စံတင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာ ခေါင်းဆောင်တွေကလက်ခုပ်လက်ဝါးတီးကာအသိအမှတ်ပြုဂုဏ်ပြုခဲ့ကြတာပါ။

တိုင်းပြည်ရဲ့ တကယ့်သံကောင်းတမန်ကောင်းအဖြစ်ကမ္ဘာ့အလယ်တင့်တယ်စေခဲ့ပြီး မြန်မာ့ဂုဏ်ကို မြင့်မြင့် မားမား ဆောင်နိုင် ခဲ့တာကြောင့် အိမ်အပြန်လမ်း စောင့်ကြိုသူများက အနီရောင် ၀တ်စုံဝတ်သူက ၀တ်၊ အရောင် အသွေး စုံစုံလင်လင်နဲ့ NLD အလံတွေကတော့ လှုပ်ရမ်းပြီး စည်ကားနွေးထွေးစွာ ကြိုဆိုနေကြ တာပါ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ပါတီဝင်တွေ၊ အနုပညာအသိုင်းအ၀ိုင်းနဲ့ နယ်ပယ် အသီးသီး အလွှာ အသီးသီးက လူငယ်၊ လူကြီး၊ လူလတ် ပေါင်းစုံတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာမယ့် TG 303 လေယာဉ်အချိန်ကို ရွှေ့ဆိုင်းလိုက်တဲ့အတွက် ရန်ကုန် လေဆိပ်ကို နံနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်ခန့်လောက်မှသာ ဆိုက်ရောက်မယ်လို့ နောက်ဆုံး သိရပါတယ်။ 
ဧရာဝတီဘလော့ဂ်  

No comments:

Post a Comment