Monday, June 18, 2012

ဖောက်ကလန်ကျွန်းကိစ္စကို ဆွေးနွေးရန် အာဂျင်တီးနားသမ္မတက ဗြိတိန်ကို တိုက်တွန်း

အာဂျင်တီးနားသမ္မတ ဖာနန်ဒက်ဇ်ဒီကာ့ခ်ျနာက ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကို
 ကုလဌာနချုပ်တွင် ဇွန်လ ၁၄ ရက်တွင် တွေ့ဆုံစဉ်
လူရာပေါင်းများစွာ သေဆုံးခဲ့သော အငြင်းပွားဖွယ် ဖောက်ကလန် ကျွန်းနှင့်ပတ်သက်၍ စစ်ပွဲဖြစ်ပွားခဲ့အပြီး နှစ်ပေါင်း ၃၀ အကြာတွင် ယင်းကျွန်းကိစ္စကို စားပွဲဝိုင်းတွင် ဆွေးနွေးရန် အာဂျင်တီးနားသမ္မတက ဇွန်လ ၁၄ ရက်တွင် ဗြိတိန်အစိုးရကို တိုက်တွန်းခဲ့သည်။

ယင်းခေတ်နောက်ကျနေသော ပုံပြင်၊ ခေတ်မမီတော့သော သမိုင်းတို့ကို ချန်ထားပြီး ဆွေးနွေးပွဲအပေါ် အခြေပြုသော သမိုင်းသစ်တစ်ခု တည်ဆောက်ရန် အာဂျင်တီးနားသမ္မတ ဖာနန်ဒက်ဇ်ဒီကာ့ခ်ျနာက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြောကြားခဲ့သည်။
''ကျွန်မတို့ ပြောတာတွေမှန်နေတယ်လို့ ပြောနေတာမဟုတ်ဘူး။ ဆွေးနွေးပွဲပြုလုပ်ဖို့ တောင်းဆိုနေရုံ
သက်သက်ပါ''ဟု ကာ့ခ်ျနာက ပြောကြားခဲ့သည်။

အာဂျင်တီးနားသည် ဖောက်ကလန်ကျွန်းကို ၁၉၈၂ ခုနှစ်တွင် ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီး ယင်းစစ်ပွဲအတွင်း အာဂျင်တီးနားစစ်သား ၆၀၀ ကျော်နှင့် ဗြိတိန်စစ်သား ၂၅၅ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ စစ်အပြီးတွင်ဗြိတိန်က ဖောက်ကလန်ကျွန်းကို ပြန်လည်ထိန်းချုပ်ခဲ့သည်။ယင်းကျွန်းမှာ တောင်အတ္တ
လန္တိတ်သမုဒ္ဒရာရှိ အာဂျင်တီးနား ကမ်းရိုးတန်းအလွန်တွင် တည်ရှိသည်။ 
ယခုအချိန်တွင် ဖောက်ကလန်ကျွန်း၌ လူမျိုးစု ၁၅၀ ကျော်မှ လူ ၂၅၀၀ ခန့် နေထိုင်လုပ်ကိုင်နေပြီး ယင်းကျွန်းရှိ ဗြိတိန်စစ်တပ်၏ Pleasant Complex တောင်တွင် စစ်သား ၁၇၀၀ ခန့် တပ်စွဲထားသည်။
ယင်းကျွန်းတွင် ဗြိတိန်များ တပ်စွဲထားခြင်းကို အာဂျင်တီးနားက ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းကျွန်းမှာ သူတို့ပိုင်ကြောင်း ထုတ်ပြန်မှုအသစ်များ ပြုလုပ်ခဲ့သည်။
ဖောက်ကလန်ကျွန်းဥပဒေပြုအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရော်ဂျာအက်ဝပ်ကအာဂျင်တီးနားသည် ဖောက်က
လန်ကျွန်းနေသူများဒီမိုကရေစီအခွင့်အရေးကျင့်သုံးနေမှုများအားဟန့်တားနေရုံသာမကဆယ်စုနှစ်သုံး
ခုအလွန်က အဖြစ်မှန်ကိုလည်း လျစ်လျူရှုထားကြောင်း ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။       
CNN

No comments:

Post a Comment