Sunday, June 24, 2012

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံသို့နစ်နာသူ အမျိုးသမီးတပ်ဖွဲ့ဝင်များမှ ပေးစာ


ကျမတို့ဘွဲ့ရ အမျိုးသမီးရဲတပ်ဖွဲ့ဝင်များဟာ နောင်တချိန်မှာ အရာရှိအဖြစ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တာဝန်များကို ကျေ ပွန်စွာ ထမ်းဆောင်
မည်ဟူသော ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲသို့ ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပါ သည်။ အနိမ့်ဆုံးလစာ သုံးထောင်ကျပ်ရရှိသောအချိန်ကစပြီး အခြားဝင်ငွေကောင်းသော ပြင်ပလုပ်ငန်းတွေကို စိတ်ဝင် စားမှုမရှိဘဲ ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကို  စိတ်ဝင်တစားဖြင့် ကျေပွန်စွာထပ်းဆောင်ရင်း ကျမတို့ရဲ့ မျှော်လင့်ချက် ဖြစ်သည့် ဒုရဲအုပ်လောင်း ၀င်ဖြေဆိုခွင့်ကို စောင့်မျှော်ခဲ့ရသည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ရပါသည်။
ဒုရဲအုပ်လောင်းအမျိုးသမီးတပ်ဖွဲ့ဝင်များခေါ်ယူချင်းမရှိခဲ့သည်မှာ ၁၅ နှစ်ခန့်ရှိပြီ ဖြစ်ပါသည်။  ၂၀၁၂ မေလေ ၃၀ ရက် နေ့မှာ ကျမတို့ရဲ့ မျှော်လင့်ချက်ဖြစ်သော အမျိုးသမီးဒုရဲအုပ်လောင်းများ ခေါ်ယူချင်းအမိန့်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဋ္ဌာန ချုပ်မှ အမိန့်ထုတ်ပြန်ခဲ့ပါသည်။ အမိန့်စာပါ သတ်မှတ်အရည်အချင်းများကတော့ အောင်ပါအတိုင်း ဖြစ်ပါသည်။
(၁) အစိုးရအသိအမှတ်ပြု တက္ကသိုလ်တခုခုမှ အနည်းဆုံးဘွဲ တခုခု ရရှိပြီးသူ ဖြစ်ရမည်။ (ဘွဲ့လက်မှတ်တင်ပြရမည်)
(၂) ၃၁.၁၂.၂၀၁၂ ရက်နေ့တွင် အသက် ၄၀ နှစ်ထက်မကြီးရ။
(၃) အရပ် ၅ ပေထက်မလျှော့ရ။
(၄) ကိုယ်အလေးချိန် ၉၅ ပေါင်ထက် မလျှော့ရ။
(၅) ဆေးအဆင့် (က) ရှိရမည်။
(၆) မျက်မှန်တပ်ဆင်ထားသူများ လျှောက်ထားရန်မမလိုပါ။
(၇) ကိုယ်ဝန်ဆောင်ထားသူများ လျှောက်ထားရန်မလိုပါ။
(၈) သင်တန်းတတ်ရောက်စဉ်ကာလအတွင်း ကိုယ်ဝန်ရှိကြောင်းပေါ်ပေါက်ပါက မိခင်တပ်ဖွဲ့သို့ ပြန်လည်စေလွှတ်ခြင်း ခံရမည့်အပြင် ရဲစည်းကမ်းဝန်ထမ်းစည်းမျဉ်းဖြင့် အရေးယူခြင်းခံရမည်။
ကျမတို့မှာ ထိုအမိန့် စာရရခြင်း အမိန့်စာပါသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အတွက် ၀မ်းသာအားရဖြင့် သက်ဆိုင် ရာ ရဲတပ်ဖွဲ့မှူးရုံးများသို့ သွားရောက်လျှောက်ထားခဲ့ပါသည်။ သက်ဆိုင်ရာရဲတပ်ဖွဲ့ မှူးရုံးများမှလဲ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် သူများကို လျှောက်လွှာပုံစံများ ထုတ်ပေးရင်းလက်ခံခဲ့ပါသည်။ ကျမတို့မှာလဲ လျှောက်လွှာလက်ခံပြီး ဖြစ် သဖြင့် ဒုရဲအုပ်လောင်း စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်လေ့လာမှုများအား အားကြိုးမာန်တတ်ဖြင့် လုပ်ဆောင်လျှက်ရှိကြပါသည်။
သက်ဆိုင်ရာရဲတပ်ဖွဲမှူးရုံးများမှလဲ ၃၀ ရက် ၆ လ ၂၀၁၂ ခုနှစ်နေ့တွင် ရေးဖြေစာမေးပွဲများဖြေဆိုရမည်ဟု အကြောင်း ကြားလာခဲ့ပါသည်။ ကျမတို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ဒုရဲအုပ်လောင်း စာမေးပွဲဖြေဆိုရန် ကြိုးစားနေချိန်မှာတော့ သတင်း ဆိုးတခုကို ကြားသိလိုက်ရပါသည်။ အဲဒီ သတင်းဆိုးက ကျမတို့ရဲ့ မျှော်လင့်ချက်အိပ်မက်ကို ရိုက်ချိုးလိုက်သလို ခံစား ရပါသည်။ 
သတင်းဆိုးကတော့ အခြေခံသင်တန်းမတတ်ထားသူများ ဒုရဲအုပ်လောင်း စာမေးပွဲဖြေဆိုခွင့်မရှိ ဆိုတာပဲ ဖြစ်ပါသည်။
အခြေခံသင်တန်း မတတ်ရသေးသည် အမျိုးသမီးတပ်ဖွဲ့ဝင်များသည် လုပ်သက်အားဖြင့် ၁၀ နှစ်အထက် ရဲလုပ်ငန်းတာ စန်များ ထမ်းဆောင်ပြီးသူများ ဖြစ်ကြပါသည်။ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်းမှာလဲ အခြေခံသင်တန်း မတတ် ရသေးသည့် တပ်ဖွဲ့ဝင်များဟာ အခြားတပ်ဖွဲ့ဝင်များနည်းတူ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြရသည်။
အခြေခံသင်တန်း မတတ်ရသေးခြင်းမှာလဲ စတင်ဝင်ရောက်ခဲ့သည့် အချိန်ကစလို့ ယနေ့တိုင် သင်တန်းတတ်ရောက်ရန် ခေါ်ယူခြင်း (လုံးဝ) မရှိခဲ့ပါ။ ပြင်ပဘွဲ့ရ(အမျိုးသား) ဒုရဲအုပ်လောင်းများ နှစ်စဉ်ခေါ်ယူလျှက်ရှိရာ ၁၀ နှစ်ကျော် ကာလ ပတ်လုံး ရဲတပ်ဖွဲ့တွင် အနစ်နာခံကာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အမျိုးသမီးတပ်ဖွဲ့ဝင် များအတွက် ၁၅ နှစ်ခန့်ရှိမှ ၁ ကြိမ်သာ ခေါ်ယူခဲ့သည့် အမျိုးသမီး ဒုရဲအုပ်လောင်းစာမေးပွဲဖြေဆိုခွင့် အခွင့်အရေးကို အ ခြေသင်တန်း မတတ်ရသေးသည့်ဟူသော တိုင်းတာချက်ဖြင့် ပိတ်ပင်တားဆီးခဲ့သည်မှာ ကျမတို့အပေါ် မတရားရာ ရောက်သည့်အပြင် တပ်ဖွဲ့ဝင်တယောက်ရဲ့ ရတောင့်ရခဲလှတဲ့ အခွင့်အရေးကို ပျက်ဆီးဆုံးရှုံးရာ ရောက်စေခဲ့ပါသည်။
သို့ဖြစ်ပါသဖြင့်ကျမတို့လို အခြေခံသင်တန်းမတတ်ရသေးဘဲ ရဲလုပ်ငန်းတာစန်များကို နှစ်ပေါင်းများစွာ တာဝန်ကျေပွန် စွာဖြင့် အနစ်နာခံကာဆောင်ရွက်ခဲ့ကြသည့် အမျိုးသမီးတပ်ဖွဲ့ဝင်များအတွက် ရဲချုပ်ကြီးအနေဖြင့် ၃၀.၆.၂၀၁၂ နေ့တွင် ဒုရဲအုပ်လောင်းစာမေးပွဲဖြေဆိုမည် အခွင့်အရေးကို ပေးသင့်ပါကြောင်း…
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်များ
naytthit net

No comments:

Post a Comment