Friday, June 8, 2012

လိုင်းကတ်ပျက်စီးမှုအတွက် အခမဲ့ဝန်ဆောင်မှုပေး

နေပြည်တော်ပျဉ်းမနားရှိ ရွာသာကြီး Mobile & Computer ဆိုင်မှ နေပြည်တော်မိုဘိုင်းဖုန်းလိုင်းကတ်
များ ပျက်စီးမှုအတွက် အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါဆိုင်တွင် မိုဘိုင်းဖုန်းလိုင်းကတ် ပျောက်ဆုံးမှု၊ ပျက်စီးမှုအတွက် ၀န်ဆောင်မှုပေးနေပြီး ပျက်စီးမှုအတွက် အခမဲ့ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။

“ပျက်စီးမှုအတွက်ပဲ အခမဲ့ဝန်ဆောင်မှုပေးတာပါ။ လိုင်းကတ် ပျောက်ဆုံးတာပဲဖြစ်ဖြစ်၊ ပျက်စီးတာပဲဖြစ်ဖြစ်၊ စာရွက်စာတမ်းတွေ ပြန်တင်ပြဖို့တော့ လိုအပ်တာပေါ့။ ပျောက်ဆုံးတာဆိုရင်တော့ သက်ဆိုင်ရာရုံးမှာ သတ်မှတ်ထားတဲ့အတိုင်းတော့ ကုန်ကျမှုရှိပါတယ်။ ပျက်စီးတာဆိုရင်တော့ ကုန်ကျမှုမရှိပါဘူး” ဟု ရွာသားကြီး Mobile & Computer ဆိုင်မှ အရောင်းမန်နေဂျာ မအိအိထွေးကပြောသည်။ ထိုကဲ့သို့ ၀န်ဆောင်မှုပေးရာတွင် နယ်ကတ်များအတွက် ဆောင်ရွက်ခြင်းမရှိဘဲ နေပြည်တော်ဒေသပေါက် လိုင်းကတ်များကိုသာ ဆောင်ရွက်ပေးကြောင်းသိရသည်။ 
ရေးသားသူ -ကျော်ဇေယျ
Internet Journal

No comments:

Post a Comment