Saturday, June 9, 2012

နောဝစ်ခ်ျ အသင်းရဲ့ နည်းပြသစ် ဖြစ်လာသည့် ခရစ်ဟောက်တန်

နော့ဝစ်ခ်ျ အသင်းဟာ ဘာမင်ဂမ် အသင်း နည်းပြဖြစ်သူ ခရစ်ဟောက်တန်ကို ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ အသက် ၅၃ နှစ် အရွယ်ရှိနယူးကာဆယ် အသင်းရဲ့ နည်းပြဟောင်း ဖြစ်တဲ့ ဟောက်တန်ဟာ ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှာ ဘာမင်ဂမ်သို့ ရောက်ရှိနေတာ ဖြစ်ပြီး ချန်ပီယံရှစ် ပလေးအော့ဖ် ပွဲစဉ်မှာ ဘလက်ပူးလ် အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

နောဝစ်ခ်ျ အသင်းရဲ့ နည်းပြ ဖြစ်သူ ပေါလ်လမ်းဘတ်ဟာ အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အတွက် နော့ဝစ်ခ်ျ အသင်းရဲ့ နည်းပြအသစ် အဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ မိမိဟာ အသင်းသစ်ကို လျင်မြန်စွာ ရောက်ရှိလာခဲ့တဲ့ အတွက် စိတ်လှုပ်ရှားပြီး အလွန်အမင်း ၀မ်းမြောက်ကြောင်း ဘာမင်ဂမ် အသင်းကထွက်ခွာဖို့ဆုံးဖြတ်ချက်ချရတာဟာအလွန်ခက်ခဲကြောင်းဘာမင်ဂမ်မှာ နေခဲ့တဲ့အချိန် တွေအတွက် အမြဲတမ်း ကျေးဇူးတင်နေပါကြောင်း နောဝစ်ခ်ျ အသင်း နည်းပြ အသစ်ဖြစ်သူ ခရစ်ဟောက်တန်က ပြောကြားခဲ့ပါတယ်။ နည်းပြ ခရစ်ဟောက်တန်က ချန်ပီယံရှစ် လိဂ်ဝမ်းမှ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လာရတာဟာကစားသမားအသစ်တွေနည်းပြအသစ်တွေနဲ့ တွေ့ဆုံရမှာ
 ဖြစ်တာကြောင့်မိမိအတွက်စိန်ခေါ်မှုအသစ်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment