Saturday, June 9, 2012

စပိန် လူဦးရေ၏ ၂၅ ရာနှုန်းမှာ ဆင်းရဲမှု အမှတ်အောက်သို့ ရောက်နေရ

မကြာသေးမီက ထုတ်ပြန်လိုက်သည့်အစီရင်ခံစာ တစ်ရပ်အရ စပိန် နိုင်ငံရှိ လူဦးရေ ၂၅ ရာနှုန်းမှာ ဆင်းရဲမှု အမှတ်အောက်သို့ ရောက်နေရကြောင်းနှင့်ယမန်နှစ်ကထက် စာပါက ၂ရာနှုန်း မြင့်တက်လာရခြင်း ဖြစ်သည်။ ယခု အစီရင်ခံစာကို စပိန်ရှိ အဖွဲ့အစည်း တစ်ခုမှ လုပ်ဆောင်ခြင်း ဖြစ်ပြီး ဥရောပ နိုင်ငံများ အကြားတွင် အဆင်းရဲဆုံး နိုင်ငံ တစ်ခုအဖြစ်သို့ ရောက်ရှိရတော့မည် ဖြစ်သည်။

စပိန် စီးပွားရေးနှင့် လူမှုကောင်စီ (CES) မှာ လူငယ်များ အကြားတွင် အလုပ်လက်မဲ့ ဖြစ်နေရမှုကို ပိုမို မြင့်မားလာနိုင်ကြောင်း ခန့်မှန်းထားပြီး လာမည့် နှစ်များအတွင်း ဆင်းရဲမှုနှုန်း တိုးတက်လာကာ လူမှုဖူလုံရေး အခြေအနေမှာလည်း ဆိုးရွားလာနိုင်ကြောင်း ထို့အပြင် ပညာရေးနှင့် လှုမှုဖူလုံရေး အသုံးစရိတ်များကို လျော့ချမှုကြောင့် နောက်ပိုင်းတွင် အခြေအနေ ပိုဆိုးလာနိုင်ကြောင်းလည်း ၎င်းတို့မှ ခန့်မှန်းထားသည်။ အလားတူပင် ယင်းအစီရင်ခံစာတွင် ဖော်ပြရာ၌ လူမှု ဝန်ဆောင်ရေး လုပ်ငန်းများ၏ အညွန်းကိန်းမှာလည်း လျော့ကျလာကာ စပိန် နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ စံချိန် တင်နေသည့် အပြင် လူငယ်များ အကြား အလုပ် လက်မဲ့နှုန်းမှာ ၅၀ ရာနှုန်း အထိ ရှိကြောင်းလည်း သိရသည်။
presstv.ir

No comments:

Post a Comment