Wednesday, June 20, 2012

အမေရိကန်တို့၏ စူပါ ကွန်ပြူတာမှ ကမ္ဘာ့ အမြန်ဆုံး စံချိန်ကို ပြန်ယူ

IBM ကုမ္ပဏီမှ တီထွင်သည့်  Sequoia စူပါ ကွန်ပြူတာမှာ ကမ္ဘာ့ အမြန်ဆုံး ကွန်ပြူတာ ဆိုသည့် စံချိန်ကို ပြန်လည် တင်လိုက်နိုင်ပြီ ဖြစ်ကာအမေရိကန် ပြည်ထောင်စု အနေဖြင့် ကမ္ဘာ့ အမြန်ဆုံး ကွန်ပြူတာကို ပိုင်ဆိုင်ထားကြောင်း သက်သေ ပြန်ပြနိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအသစ် တပ်ဆင်လိုက်သည့် စနစ်အရ လက်ရှိ ဂျပန်တို့ တင်ထားသည့် Fujitsu ကုမ္ပဏီမှ K ကွန်ပြူတာကို ကျော်ဖြတ် လိုက်နိုင်ခြင်းလည်း ဖြစ်သည်။

ယခုလို စံချိန် တင်လိုက်နိုင်ခြင်းမှာ လွန်ခဲ့သည့် ၂ နှစ်က  တရုတ် နိုင်ငံမှ အမြန်ဆုံး စံချိန်ကို တင်လိုက် အပြီးတွင် အမေရိကန်တို့ အနေဖြင့် ပထမဆုံး ပြန်လည် နေရာယူလိုက်နိုင်ခြင်း တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ ယခု ကွန်ပြူတာ အသစ် Sequoia မှာ ကာလရှည် ကြာနေပြီ ဖြစ်သည့် နှုကလိယ လက်နက်များ အနေဖြင့် သက်တမ်း ပိုမှို ရှည်ကြာစွာ ထားရှိနိုင်ရန် အထာက်အပံ့ ပေးသွား မည် ဖြစ်ကာ လက်ရှိ ကမ္ဘာတွင် ပြုလုပ်နေသည့် မြေအောက် စမ်းသပ်မှုများကို ရှောင်လွှဲနိုင်မည်လည်း ဖြစ်သည်။ ယခုစက်ကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် ရှိသော Lawrence Livermore National Laboratory ၏ စွမ်းအင် ဌာနတွင် တပ်ဆင်ထားမည် ဖြစ်ကြောင်းနှင့်လည်း သိရသည်။
BBC news

No comments:

Post a Comment