Sunday, June 24, 2012

ဘာလီကျွန်း ဗုံးဖောက်ခွဲမှုတွင် ပါဝင်သူကို အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ၂၀၀၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူ ၂၀၀ ကျော် သေဆုံးခဲ့သော ဗုံးခွဲမှု၌ ပါဝင်ကူညီခဲ့သည့် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို ဂျကာတာ တရားရုံးက ဇွန်လ ၂၁ ရက်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။

အသက် ၄၅ နှစ်အရွယ်ရှိ အူမာပါတက်သည် ကြိုတင်ကြံစည်ထားသော လူသတ်မှုနှင့် အကြမ်းဖက် လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပေါက်ကွဲတတ်သော ပစ္စည်းများနှင့် လက်နက်များကို ခိုးသွင်းသည့် လျို့ဝှက်ကြံစည်သည့် ပြစ်မှုတွင် ပူးပေါင်းပါဝင်ခဲ့မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။ မိမိ၏ လုပ်ဆောင်ချက်များအတွက် နောင်တရသည်ဟု ပါတက်က ပြောကြားခဲ့ကြောင်း ၎င်း၏ရှေ့နေ Asludin Hatjani က ပြောကြားခဲ့သည်။

ပါတက်သည် အင်ဒိုနီးရှား၏ အလိုရှိဆုံး အကြမ်းဖက်သမားများထဲမှ တစ်ဦးဖြစ်ပြီး အမေရိကန်အစိုးရ၏ Reward for Justice  အစီအစဉ်က ဒေါ်လာ တစ်သန်း ဆုငွေထုတ်ခံထားရသူဖြစ်သည်။

ဘာလီဗုံးဖောက်ခွဲမှုကို ကြိုးကိုင်ခြယ်လှယ်သူ သုံးဦးဖြစ်သည့် Imam Samudra ၊ Amrozi bin Nurhasyim နှင့် Ali Ghufron တို့ကို ၂၀၀၈ ခုနှစ်တွင် ကွပ်မျက်ခဲ့ပြီးဖြစ်ပြီး ပါတက်မှာ နောက်ဆုံး ရုံးတင်စစ်ဆေးခံရသူဖြစ်သည်။

ပါတက်သည် ၁၀ နှစ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလတွင် ပါကစ္စတန်နိုင်ငံ၊ အဘော့တာဘတ် မြို့၌ အဖမ်းခံရခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ပါတက်ကို အင်ဒိုနီးရှားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
Ref:CNN
EMG

No comments:

Post a Comment