Tuesday, June 12, 2012

အင်္ဂလန် အသင်း အုပ်စုအဆင့်ကျော်မှ လိုက်ပါ အားပေးမည့် မင်းသား ၀ီလျှံ

အင်္ဂလန် နိုင်ငံရဲ့တော်ဝင်မင်းသား တစ်ပါးဖြစ်တဲ့ မင်းသားဝီလျှံဟာ အင်္ဂလန် လက်ရွေးစင် အသင်းအား ယူရို ပြိုင်ပွဲမှာ အုပ်စုအဆင့် ကျော်လွန်မှသာလိုက်ပါ အားပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ မင်းသား ၀ီလျှံဟာ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေရဲ့  ဥက္ကဋ္ဌနေရာကို တာဝန် ယူထားရတာ ဖြစ်ပေမယ့် မင်းသားဝီလျှံ နဲ့ အက်ဖ်အေရဲ့ တာဝန်ရှိသူများဟာ အင်္ဂလန် အသင်းနဲ့ အတူ လိုက်ပါလာခြင်း မရှိတာပဲ ဖြစ်ပါတယ်။

အင်္ဂလန် အသင်းဟာ အုပ်စု ပွဲစဉ်များ အားလုံးကို ယူကရိန်း နိုင်ငံမှာ သွားရောက် ကစားနေရတာ ဖြစ်ပြီး အင်္ဂလန် မင်းသား ၀ီလျှံနဲ့ အဖွဲ့ဝင်များဟာ ယူကရိန်း နိုင်ငံရဲ့ နိုင်ငံရေး ခေါင်းဆောင် တိုင်မိုရှင်ကိုအား ဖမ်းဆီး အကျဉ်းချထားမှုကို ရှုတ်ချတဲ့ အနေနဲ့ လိုက်ပါခဲ့ခြင်း မရှိတာလည်း ဖြစ်ပါတယ်။ ယခင်က မင်းသားဝီလျှံရဲ့ နွေရာသီ အားကစား ခရီးစဉ်မှာ ယူရိုပြိုင်ပွဲကို လုံးဝ သွားရောက်ဖို့ အစီအစဉ် မရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အင်္ဂလန် အသင်းသာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါက လိုက်ပါ ကြည့်ရှု့ဖို့ ရှိနေသေးတာလည်း ဖြစ်ပါတယ်။

ယူရို ၂၀၁၂ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်ကို ယူကရိန်း နိုင်ငံမှာပဲ ပြုလုပ်မှာ ဖြစ်ပြီး အကယ်၍သာ အင်္ဂလန် အသင်း ကွာတားဖိုင်နယ်ကို တက်ရောက် လာနိုင်ခဲ့ပါကလည်း မင်းသားဝီလျှံက လိုက်ပါလာဖို့ ရှိနေတာ ဖြစ်ပါတယ်။ မင်းသားဝီလျှံနဲ့ အက်ဖ်အေ အဖွဲ့ဝင်များဟာ ယူကရိန်း နိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်ခြင်းကြောင့် အခုလို လိုက်ပါ အားပေးရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment