ဇွန်လ၂၃ရက်နေ့ည၈နာရီခွဲအချိန်ကသင်္ကန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ် ပြည်ထောင်စုတံ
တားအနီးတွင် ကွန်တင်နာတင် ယာဉ်တစ်စီး
တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွန်တင်နာယာဉ်တင် တိမ်းမှောက်မှုကြောင့် ကွန်တင်နာ ယာဉ်မောင်းနှင်လာသည့် ယာဉ်မောင်းတစ်ဦးသာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်ကို တွေ့မြင်ခဲ့ရသူတစ်ဦးက''အခင်းဖြစ်တဲ့နေရာက ပြည်ထောင်စု
တံတားအတက်ဖြစ်တယ်။ လမ်းကြောကလည်း အကွေ့ဖြစ်တယ်။ တံတားအတက်ကို
အရှိန်ယူပြီးအတက် လမ်းကြောက အကွေ့လည်းဖြစ်တာကြောင့် အရှိန်လွန်သွားပြီး
တိမ်းမှောက်သွားတာပါ။ ကား မှောက်တဲ့အချိန်မှာ အနီးအနားမှာ
လူရှင်းနေတဲ့အတွက် ထိခိုက်မှု နည်းသွားတာပါ။ ကားမောင်းလာတဲ့
ယာဉ်မောင်းတစ်ဦးပဲ ဒဏ်ရာရသွားပါတယ်''ဟု ပြောပြခဲ့သည်။
EMG

No comments:
Post a Comment