Thursday, June 14, 2012

ပဏာမ လူစာရင်းမှာ ပါဝင်လာသည့် ဒေးဗစ်မီလာ

၂၀၁၂ လန်ဒန် အိုလံပစ် ပြိုင်ပွဲဝင်မည့် ဂရိတ်ဗြိတိန် စက်ဘီးစီး အသင်းမှာ နာမည်ကြီး စက်ဘီးစီးသမားမှာ ပါဝင်လာတယ်လို့ သိရပါတယ်။ အဆိုပါအသက်၃၅ နှစ်အရွယ်ရှိစကော့တလန် နိုင်ငံသား ဒေးဗစ်မီလာဟာ လက်ရှိအချိန်မှာ ဂါမင် ဘာယာကူဒါ စက်ဘီးစီး အသင်းပြိုင်ပွဲဝင် ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်တို့မှာ အောင်မြင်မှု များစွာ ရရှိနိုင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ဒေးဗစ်မီလာဟာ ၂၀၀၄ ခုနှစ်က ဆေးကျမှုကြောင့် နှစ်နှစ်ကြာ ပွဲပယ်ခံခဲ့ရသူ တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ ပြန်လည်ပြီး ယှဉ်ပြိုင်မှုများ ပြုလုပ်လာနိုင်ကာ ပြိုင်ပွဲများမှာ ၀င်ရောက်ယှဉ်ပြိုင် နိုင်နေပြီ ဖြစ်တာကြောင့် လန်ဒန်အိုလံပစ် ပြိုင်ပွဲဝင်မယ့် ဂရိတ်ဗြိတိန် စက်ဘီးစီး အသင်းရဲ့ ပဏာမ ကစားသမား ၈ ဦး စာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ။် ဂရိတ်ဗြိတိန် စက်ဘီးစီး အဖွဲ့အတွက် နောက်ဆုံး စကာတင် ၅ ဦးသာ ရွေးချယ်သွားဖို့ ရှိနေတာ ဖြစ်ပြီး ဇွန်လကုန်ပိုင်းလောက်မှာ ရွေးချယ်သွားဖို့ ရှိနေတာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

မီလာဟာ အခုလို လန်ဒန်အိုလံပစ် ပြိုင်ပွဲဝင်မယ့် ဂရိတ်ဗြိတိန် အိုလံပစ် အသင်း ပဏာမ လူစာရင်းမှာ ပါဝင် လာနိုင်ခဲ့တာဟာ နိုင်ငံတကာ ဆေးစစ်ရေး အဖွဲ့မှ ချမှတ်ထားတဲ့ စည်းမျဉ်းများကို ဗြိတိန် အိုလံပစ် ဆေး စစ်ဆေးရေး အဖွဲ့မှ ပြန်လည် ပယ်ဖျက်ပေးခဲ့တာကြောင့် အခုလို ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့ နီးစပ်လာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဂရိတ်ဗြိတိန် စက်ဘီးစီး အသင်းရဲ့ ဇကာတင် ကစားသမား ၈ ဦး စာရင်းမှ နာမည်ကြီး စက်ဘီးစီးသမား တစ်ဦးဖြစ်တဲ့ မာ့က်ကာဗန်ဒစ်ခ်ျ ပါဝင်နေကြောင်းကိုလည်း သတင်းများအရ သိရှိရပါတယ်။
MRTV4

No comments:

Post a Comment