Friday, June 8, 2012

အွန်လိုင်းပေါ်တွင် Data သိမ်းဆည်း နိုင်သော Cloud Computing စနစ်အကြောင်း ဟောပြောပွဲ

ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းမှ ကြီးမှူးပြီး သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆွေးနွေးပွဲ တစ်ခုဖြစ်တဲ့ အွန်လိုင်း ပေါ်မှာ
 ဒေတာ သိမ်းဆည်း နိုင်တဲ့ Cloud Computing စနစ် အကြောင်း ဆွေးနွေးမယ့် ဟောပြောပွဲ တစ်ခုကို မြန်မာ အင်ဖိုတက်ခ်မှာ ဇွန်လ ၁၂ ရက်နေ့၊ နေ့လယ် ၂ နာရီမှ ၄ နာရီထိ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဟောပြောပွဲမှာ နာမည်ကြီး ကုမ္ပဏီများ ဖြစ်တဲ့ Boeing နဲ့ HP တို့မှာ နှစ်ပေါင်း များစွာ Software Engineer တစ်ယောက် အဖြစ် လုပ်ကိုင် ခဲ့ဖူးတဲ့ ပညာရှင်မှ Communicating with Network Devices & Applications of Cloud Computing ခေါင်းစဉ်နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးရာမှာ Network Device များကို ထိရောက်စွာ ဆက်သွယ် ခိုင်းစေရမယ့် နည်းလမ်းများ၊ အသုံးပြုရမယ့် Protocol များနဲ့ အချက်အလက် အမြောက်အမြားကို စုစည်း သိမ်းဆည်း အသုံးချရာမှာ Data Base ရဲ့ အခန်းကဏ္ဍနဲ့ Cloud Computing ရဲ့ အရေးပါ လာပုံတို့ကို ပြောကြား ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဟောပြောပွဲကို  Software Developer, Network Engineer အဖြစ် အလုပ် လုပ်သူများ၊ ကွန်ပျူတာ ပညာကို လေ့လာ နေသူများ၊ အိုင်တီ ပညာကို စိတ်ပါဝင်စား သူများ မည်သူမဆို အခမဲ့ တက်ရောက် ဆွေးနွေး နိုင်တယ်လို့ သိရှိရပါတယ်။
MRTV4

No comments:

Post a Comment