Wednesday, June 13, 2012

Earth အတွက် full 3D feature နှင့် Maps အတွက် offline mode တို့ကို Google ပွဲထုတ်မိတ်ဆက်

အင်တာနက်ချိတ်ဆက်မှုမလိုဘဲ မိုဘိုင်းဖုန်းမှ မြေပုံကြည့်နိုင်မည့် Google Maps offline mode နှင့်မြေပုံများကို full 3Dနှင့်ကြည့်ရှုနိုင်မည့် Google Earth full 3D ဗားရှင်းတို့ကို Google ကုမ္ပဏီက ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ Android ပေါ်တွင်သာအသုံးပြုနိုင်မည့် Google Maps offline ဗားရှင်းသည်

အင်တာနက်ချိတ်ဆက်မှုမလိုဘဲ ဖုန်းပေါ်တွင် အသုံးပြုနိုင်သည့်အတွက် ဖုန်းလိုင်းမမိသည့်နေရာများတွင် အသုံးပြုရာ၌ အလွန်အသုံးတည့်စေမည်ဖြစ်ကြောင်း Google Maps မိုဘိုင်းမှ ထုတ်ကုန်မန်နေဂျာဖြစ်သူ Rita Chen ကပြောကြားသည်။ ကွန်ရက်ချိတ်ဆက်မှု မလိုအပ်သော်လည်း device တွင်ပါဝင်သည့် GPS ဖြင့် မြေပုံပေါ်ရှိတည်နေရာများကို အပြာရောင်အစက်တစ်ခုဖြင့် ဖော်ပြပေးမည်ဖြစ်ပြီး သံလိုက်အိမ်မြှောင် feature ကို enable လုပ်ထားပါကလည်း တွဲဖက်အသုံးပြုနိုင်မည်ဟု သိရသည်။ iOS အတွက် Google Maps ကိုမူ မကြာမီကျင်းပမည့် WWDC ပွဲတွင် မိတ်ဆက်ပေးဖွယ်ရှိသည်။ Google Earth full 3D ဗားရှင်းကိုမူ Android နှင့် iOS ပေါ် တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းသည် မြို့များကို 3D ပုံရိပ်များဖြင့်ဖော်ပြပေးမည်ဖြစ်ကာ ပုံရိပ်များကို ပတ်ပတ်လည်ကြည့်ခြင်း၊ လှည့်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ ပုံရိပ်များကို ဖန်တီးခြင်းအတွက် အဆင့်မြင့် 3D rendering နည်းပညာကိုအသုံးပြုထားပြီး ၎င်းနည်းပညာသည် လက်ရှိအသုံးပြုနေသည့်နည်းပညာထက် ကွဲပြားခြားနားကာ တိကျသည့်ပုံရိပ်များကို ဖော်ပြပေးနိုင်မည်ဟုသိရသည်။

ရေးသားသူ -နောင်နောင်
Internet Journal

No comments:

Post a Comment