Wednesday, June 13, 2012

၂၀၂၀ ခုနှစ်တွင် Facebook ပျောက်ကွယ်နိုင်ကြောင်း သုတေသီတစ်ဦးပြောကြား

မိုဘိုင်းဝက်ဘ်စနစ်ကို ပိုမိုအသုံးပြုလာကြခြင်းနှင့်အတူ Facebook မှလည်း ယင်းနယ်ပယ်အတွင်း ၀င်ရောက်ရန်ကြိုးစားအားထုတ်နေခြင်းကြောင့် Facebook အမည်ရှိ လူမှုကွန်ရက်ဆိုက်တစ်ခုမှာ လာမည့် ၂၀၂၀ ခုနှစ်တွင် လုံးဝပျောက်ကွယ်သွားနိုင်ကြောင်း သုတေသီတစ်ဦးက ခန့်မှန်းပြောကြားလိုက်သည်။

လာမည့် ၅ နှစ်မှ ၈ နှစ်အတွင်း Facebook လူမှုကွန်ရက်ဝက်ဘ်ဆိုက်မှာ Yahoo နည်းတူ ပျောက်ကွယ်သွားနိုင်ကြောင်း Ironfire Capital ကိုတည်ထောင်ခဲ့သူ Eric Jackson က CNBC သို့ပြောကြားခဲ့သည်။ Facebook သည် ၎င်း၏လုပ်ဆောင်ချက်များကို မိုဘိုင်းကဏ္ဍအတွက် ပိုမိုကြိုးစားအားထုတ်လျှက်ရှိပြီး မိုဘိုင်း platform အတွက်သာ Facebook ကို အဓိကလုပ်ဆောင်တော့မည်ဖြစ်ကြောင်းနှင့် ၀က်ဘ်အတွက်ကိုမူ ယေဘုယျသဘောသာ လုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ Facebook အနေဖြင့် မိုဘိုင်းနယ်ပယ်အတွင်း နေရာရရှိရန် ကြိုးစားရုန်းကန်လျှက်ရှိသော်လည်း ယင်း၏ ကြော်ငြာကင်းစင်သည့် မိုဘိုင်း platform မှာမူ ပြဿနာများဖြင့် ဆက်လက် ရင်ဆိုင်နေရကြောင်း သိရသည်။ Jackson က Facebook သည် ခေတ်သစ်အင်တာနက်ကုမ္ပဏီ မျိုးဆက်သုံးဆက်အနက် ဒုတိယမြောက်မျိုးဆက်ဖြစ်ကြောင်း၊  ပထမမျိုးဆက်ဖြစ်သည့် Google နှင့် Yahoo တို့သည် portal များဖြင့် အောင်မြင်မှုရရှိခဲ့သလိုFacebookမှာလည်းလူမှုကွန်ရက်ဝန်ဆောင်မှုဖြင့် အောင်မြင်မှုသရဖူကို 
  ဆောင်းနိုင်ခဲ့ခြင်းဖြစ်သည့်အတွက် တတိယမျိုးဆက်လောကဖြစ်သော မိုဘိုင်းနယ်ပယ်တွင် စီးပွားရှာရန်မှာ အောင်မြင်နိုင်ချေမရှိကြောင်း ပြောကြားခဲ့သည်။ 
ရေးသားသူ -ဟေမာ
Internet Journal

No comments:

Post a Comment