Thursday, June 7, 2012

GSM နှင့် CDMA 800MHz စနစ်နှစ်မျိုး အသုံးပြုနိုင်မည့် HTC ဖုန်းအသစ်ဝင်ရောက်လာ

GSM နှင့် CDMA 800MHz စနစ်နှစ်မျိုးအသုံးပြုနိုင်မည့် HTC Dual Sim ဖုန်းအမျိုးအစားသစ်တစ်ခု ဈေးကွက်ဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါဖုန်းမှာ HTC Z510D အမျိုးအစားဖြစ်ပြီး CPU မှာ 1GHz CPU ကိုထည့်သွင်းပေးထားသောကြောင့် ဖုန်းတွင်းလုပ်ဆောင်ချက်စနစ်ပိုင်းများ ကောင်းမွန်ကြောင်းသိရသည်။

Android OS ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး OS Version မှာ ၂.၃.၄ ဖြစ်သည်။ GSM အင်တာနက်စနစ်နှင့် CDMA EVDO စနစ်နှစ်ခုစလုံး အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်း၏အရွယ်အစားမှာလည်း Screen Size 4.3 လက်မရှိသောကြောင့် အရွယ်အစားကောင်းမွန်သော ဖုန်းဖြစ်သည်။ ဖုန်းတွင်းမှတ်ဥာဏ်အတွက်လည်း 1GB Internal ပါဝင်ပြီး 512RAM စနစ်နှင့် နောက်ထပ်မှတ်ဥာဏ် ထပ်တိုးအသုံးပြုနိုင်ရန်အတွက် Miscro SD 32GB ထိ ထပ်တိုးအသုံးပြုနိုင်ကြောင်း သိရသည်။ ကင်မရာအတွက်လည်း ကောင်းမွန်သော ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး GSM နှင့် CDMA 800MHz Dual Sim ဖုန်းအမျိုးအစားများထဲတွင် CPU နှင့် OS စနစ်ကောင်းမွန်သော ဖုန်းဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းအား ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် ၄၅၀ မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်းဝယ်ယူနိုင်မည်ဖြစ်သည်။ 
ရေးသားသူ -ကိုသက်
Internet Journal

No comments:

Post a Comment