Friday, June 1, 2012

IELTS, TOFEL ရမှတ် မရှိသူများပါ အင်ဂျင်နီယာ ဘာသာရပ်များ တက်ရောက် နိုင်မည်

စင်္ကာပူ နိုင်ငံမှာ အင်ဂျင်နီယာ ဘာသာရပ် တွေကို သွားရောက် သင်ကြား နိုင်ဖို့ အတွက် IELTSနဲ့ တိုဖယ် ရမှတ် မရှိသေးသူ တွေပါ ၀င်ခွင့် ဖြေဆိုပြီး တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ၀င်ခွင့်ဖြေဆို
ဖို့ အတွက် ကိုတော့ Crown Education မှာ ဆက်သွယ် ဖြေဆို နိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီလို ၀င်ခွင့် ဖြေဆို အောင်မြင်ပြီးရင်တော့ AGTI,B.Techပြီးထားတဲ့ ပြည်တွင်း ကျောင်းသား၊ ကျောင်းသူ တွေ
ဟာ စင်္ကာပူရှိ Auston Institiute မှာ ၈ လ တက်ရောက်ကာ BE ဘွဲ့ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြား ဒီပလိုမာ တက်ရောက် သူတွေ ဟာလည်း Bachelor Degree(Hons) အထိ ရရှိအောင် ၂ နှစ် အတွင်း တက်ရောက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို တက်ရောက် နိုင်ဖို့အတွက် ၀င်ခွင့် ခေါ်ယူမှုတွေ ကိုတော့ နှစ်စဉ် ဖေဖော်ဝါရီလ၊ ဇွန်လနဲ့ အောက်တိုဘာ လတို့မှာ ၀င်ခွင့် ခေါ်ယူတာ ဖြစ်ပါတယ်။ ဒါ့အပြင် AGTI,BTech နဲ့ BE အောင်မြင် ထားသူတွေ အနေနဲ့ အခုလို ၀င်ခွင့် ဖြေဆိုမှု သာမက အင်ဂျင်နီယာ ဘွဲ့အတွက် တခြား တက်ရောက် နိုင်တဲ့ လမ်းကြောင်း တွေနဲ့ ပတ်သက်ပြီး တော့လည်း လာမယ့် ဇွန်လ ၉ ရက်နေ့မှာ ဟောပြော ဆွေးနွေး ပေးမယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆွေးနွေးရာ မှာလည်း စင်္ကာပူ နိုင်ငံရှိ Auston Institute of Management က တာဝန်ရှိသူ ကိုယ်တိုင် လာရောက်ကာ Summit Parkview Hotel မှာ ဆွေးနွေး ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV4

No comments:

Post a Comment