Friday, June 15, 2012

မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် Management Plan ရေးဆွဲလျက်ရှိ

ယူနက်စကို အဖွဲ့အစည်းနှင့် ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ဦးစီးပြီး ကမ္ဘာ့ မွေအနှစ်များ စီမံခန့်ခွဲရေး အစီအစဉ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပြီး မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သော ပျူမြို့ဟောင်း များကို ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းနိုင်ရန် အတွက် Management Plan များ ရေးဆွဲ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်လ ၆ ရက်မှ ၁၂ ရက်နေ့ အထိ လည်းကောင်း၊ ဒုတိယ အကြိမ်အဖြစ် ပြည်ပ ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များ သုံးထပ် ညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၁၃ ရက်မှ ၁၆ ရက်နေ့ အထိ လည်းကောင်း အမျိုးသား ပြတိုက် ရန်ကုန်တွင် ပြုလုပ်လျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ မှာတော့ မြန်မာ့နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သော ဗိဿနိုး မြို့ဟောင်း၊ ဟန်လင်း မြို့ဟောင်း၊ သရေခေတ္တရာ မြို့ဟောင်းများရဲ့ Management Plan ရေးဆွဲရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် World Heritage Center မှ ကမ္ဘာ့ အမွေအနှစ် များအတွက် သတ်မှတ် ထားသော အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်း များကို မြန်မာနိုင်ငံမှ ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရေး ဆိုင်ရာ လုပ်ငန်း အဖွဲ့တို့ နားလည် သဘောပေါက် စေရန်နှင့် ပျူရှေး မြို့ဟောင်းများ အတွက် ရေးဆွဲလျက် ရှိသော Nomination Dossier ကို သုံးသပ် ဆွေးနွေးရန် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ယူနက်စကိုမှ ပညာရှင် ၅ ဦး၊ ယူနက်စကို-ဘန်ကောက်မှ အရာရှိ ၁ ဦး၊ မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီး ဌာနနှင့် ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီး ဌာနတို့မှ ပျူရှေးဟောင်း မြို့များရဲ့ Management Plan ရေးဆွဲရေး ဆိုင်ရာ ပညာရှင်များနှင့် အရာထမ်းများ အပါအ၀င် စုစုပေါင်း ၁၉ ဦး တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။
MRTV4

No comments:

Post a Comment