Saturday, June 16, 2012

ခေတ္တ ရပ်ဆိုင်းခဲ့ရတဲ့ ပြင်သစ်နဲ့ ယူကရိန်း ပွဲစဉ်

ယူရို ၂၀၁၂ ပြိုင်ပွဲရဲ့ အုပ်စုဒီမှ ယူကရိန်း အသင်းနဲ့ ပြင်သစ် အသင်းတို့ရဲ့ ပွဲစဉ်ဟာ ရပ်နားဖို့ ဆုံးဖြတ်ခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ ယူကရိန်း နိုင်ငံမှာ
လက်ခံ ကစားခဲ့တဲ့ ပြင်သစ် အသင်းနဲ့ ယူကရိန်း အသင်းတို့ရဲ့ ပွဲစဉ်မှာ ရာသီဥတု အခြေအနေ ဆိုးရွားခဲ့တာကြောင့် အခုလို ပွဲကို ရပ်နားလိုက်ရတာ ဖြစ်ပါတယ်။

အဆိုပါ ပွဲချိန် အတွင်းမှာ မိုးများ ပြင်းပြင်းထန်ထန် ရွာနေခဲ့တာကြောင့် ပွဲချိန် ၄ မိနစ်ခန့်မှာ ဒိုင်လူကြီးက ပွဲကို ရပ်နားဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။ အခုလို ပွဲချိန် ၄ မိနစ်ခန့်မှာ ရာသီဥတု အခြေအနေက ဆက်လက် ကစားဖို့ မဖြစ်နိုင်တော့တာကြောင့် ပွဲကို ရပ်နား လိုက်ရမှုဟာ ယူရို ပြိုင်ပွဲအတွင်း ပထမဆုံး ပွဲရပ်နားခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ ယူကရိန်းနဲ့ ပြင်သစ် ပွဲစဉ် တို့လိုပင် ရာသီဥတု ပြဿနာကြောင့် ယခုလ အတွင်း အားကစား ပွဲတစ်ချို့ကို ရပ်နားခဲ့ရခြင်းများ ရှိနေပြီး နာမည်ကျော် တင်းနစ်ပြိုင်ပွဲ တစ်ပွဲဖြစ်တဲ့ ပြင်သစ် အိုးပင်း တင်းနစ် ပြိုင်ပွဲမှာလည်း ရာသီဥတုကြောင့် ပွဲရပ်နားခဲ့ရမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ ခရစ္စမတ် ကာလအပြီးမှာ နှင်းများ အလွန်အကျွံ ကျဆင်းမှုကြောင့် လန်ဒန်မြို့ ပတ်ဝန်းကျင်ရှိ ဘောလုံး အသင်းများရဲ့ ပွဲစဉ်များကိုလည်း ရွှေ့ဆိုင်းခဲ့ရဖူးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် မိုးရာသီ အစောပိုင်းကို ၀င်ရောက် လာချိန်မှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်္ဂလန် လိဂ်တူးနဲ့ ချန်ပီယံရှစ်တန်းမှ ပွဲစဉ် တစ်ချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ အခုလို ရာသီဥတု အခြေအနေကြောင့် အားကစားပွဲများကို ထိခိုက်မှုတွေ ရှိနေချိန်မှာ ယူကရိန်းနဲ့ ပြင်သစ် အသင်းတို့ရဲ့ ပွဲစဉ်ကိုလည်း ရာသီဥတု ဆိုးရွားလာတဲ့ အတွက် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိုးဦး ရာသီမှာ ကျင်းပရမယ့် ယူရို ပြိုင်ပွဲကို ရာသီဥတု အခြေအနေ ပြင်းထန်တတ်တဲ့ ယူကရိန်း နိုင်ငံကို အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ခြင်း အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment