Wednesday, June 20, 2012

အင်တာနက်သုံးစွဲရန် RUM နံပါတ်ကြည့်၍ CDMA 800 ဖုန်းဆင်းကဒ် လဲလှယ်ရန် လို/မလို ဆုံးဖြတ်

မိုဘိုင်းဖုန်းများ အင်တာနက်လျှောက်ထားရာ၌ GSM ဖုန်းဆင်းကဒ်သည် ကဒ်လဲလှယ်ရန် မလိုပဲ၊ CDMA 800 MHz  ဖုန်းများမှာ ဆင်းကဒ်လဲလှယ်ရန် လိုအပ်သော ဆင်းကဒ်များရှိသလို ဆင်းကဒ်လဲလှယ်ရန် မလိုသော ဆင်းကဒ်များလည်း ရှိကြောင်း သိရှိရသည်။
 
“GSMဖုန်းတွေက ဆင်းကဒ်လဲ စရာမလိုပါဘူး။ လာလျှောက်တဲ့ ဖုန်းနံပါတ်ကို အင်တာနက်လိုင်းဖွင့်ပေးလိုက်ရင်ရပါတယ်။ CDMA 800ကတော့ ပြန်လဲပေးရတာတွေ ရှိပါတယ်။ အင်တာနက်လာလျှောက်ပြီး နောက်နေ့ ဆိုရင်တော့ အင်တာနက်သုံးလို့ ရပါတယ်”ဟု အလုံမိုဘိုင်းဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
 
အဆိုပါ CDMA 800 MHz သည် လဲလှယ်ရန်လိုအပ်သော ဆင်းကဒ်များမှာ RUM နံပတ် လေးခုအနက် သုံးခုမြောက်သည် (xxx19) အတွင်း ပါဝင်နေလျှင် ဆင်းကဒ်လဲလှယ်ရန် လိုအပ်ကြောင်း CDMA 800MHz မိုဘိုင်းဖုန်း အင်တာနက်လျှောက်ထားသူများထံက သိရသည်။
 
မိုဘိုင်းဖုန်းအင်တာနက်လိုင်းလျှောက်ထားအသုံးပြုလိုသူများအနေဖြင့် အတွေ့အကြုံပိုင်းဆိုင်ရာ လိုအပ်ချက် များရှိနေသောကြောင့် သုံးစွဲရာတွင်အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သုံးစွဲသူများထံက သိရှိရသည်။
 
မိုဘိုင်းဖုန်းများတွင် အင်တာနက်လိုင်းလျှောက်ထားပြီးနောက် မည်သည့်အချိန်စတင်အသုံးပြုနိုင်ပြီး မည်သို့ ပြုလုပ်ရမည်ကို မသိသောကြောင့် အင်တာနက်ဖုန်းအသုံးပြုသူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
 
“အင်တာနက်သုံးလို့ရတယ်ဆိုလို့သွားလျှောက်တာ လိုင်းဘယ်ချိန်ဖွင့်တာလဲ။ ဘယ်လိုလုပ်ရတာတယ်ဆိုတာလဲမသိဘူး။ အဲဒါနဲ့ မသုံးတက်တာနဲ့ ဒီအတိုင်းထားထားရတယ်။” ဟု လှိုင်သာယာမြို့နယ်မှ CDMA 800MHz အင်တာနက်သုံးစွဲသူ မသန္တာက ပြောသည်။
 
မိုဘိုင်းဖုန်းများတွင် အင်တာနက်လိုင်းလျှောက်ထားပြီးနောက် မိမိဖုန်း၌ Massage တစ်ဆောင်ဝင်ရောက်လာမှသာလျှင် အင်တာနက်စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
“အင်တာနက်သွားလျှောက်တော့ နောက်နေ့ နေ့လည်ဆိုလိုင်းပွင့်ပြီလို့ပြောလိုက်တယ်။ သူငယ်ချင်းတွေပြောတာတော့ ဖုန်းထဲကို မက်စ်ဆေ့စ်တစ်စောင်ဝင်မှ ရမယ်လို့ပြောတယ်။ အဲဒီအထဲမှာ အင်တာနက်သုံးထားတာမရှိသေးဘူး သုညဆိုပြီးပါတဲ့ မက်ဆေ့မျိုး ပို့လာတယ်။” ဟု GSM မိုဘိုင်းဖုန်းအားအင်တာနက်တက်ဆင် အသုံးပြုသူ ကိုညီညီဌေးက ပြောသည်။
 
အဆိုပါ ပေးပို့လာမည့် မက်ဆေ့(Massage)တွင် အင်တာနက်အသုံးပြုနည်း ပါဝင်မည်ဖြစ်ပြီး ၎င်းအတိုင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စုံစမ်းသိရှိရသည်။
ထွန်းနေအောင် (မြစ်မခ)

No comments:

Post a Comment