Wednesday, June 20, 2012

ဟန်းဖုန်းအဖြစ် အသုံးပြုနိုင်မည့် Samsung I9220


နေပြည်တော်ဈေးကွက်ထဲ အခုတစ်ပတ် ၀င်ရောက်လာတာကတော့ Android OS Version 2.3.5 သုံး Samsung I9200 ပါ။ LCD အရွယ်အစားကတော့ 5.2" ရှိတဲ့ WVGA HD ပါ။ တရုတ်နိုင်ငံလုပ်လို့ဆိုပေမဲ့ ထူးခြားတာက Network ပိုင်းအနေနဲ့ GSM 850/900/1800/1900 ကဒ်ထည့်သွင်းပြီး ဟန်းဆက်အဖြစ်နဲ့ရော

Tablet အဖြစ်ပါ အင်တာနက်အသုံးပြုနိုင်ပါသတဲ့။ CPU အနေနဲ့ ARM V6 Compatible 800MHz ကိုအသုံးပြုထား RAM အပိုင်းကို 256MB ထည့်သွင်းပေးထားပါတယ်။ Flash Memory အနေနဲ့ Micro SD Card Slot ပါဝင်တဲ့အတွက်လည်း ထပ်မံမြှင့်တင်ထည့်သွင်းအသုံးပြုနိုင်မှာပါ။ အရှေ့ပိုင်းမှာ 5 Mega-pixel ရှိတဲ့ Auto Focus ကင်မရာကို တပ်ဆင်ပေးထားပြီးနောက် ကင်မရာကိုတော့ 2 Megapixel ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်လို့ ဆိုပါတယ်။ GPS တွေ GPS စနစ်တွေကိုလည်း Support လုပ်ပေးထားပြီး Wi-Fi, Bluetooth တွေနဲ့ ချိတ်ဆက်အသုံးပြုလို့ရသလို Full HD Record & Playback ပါဝင်တယ်လို့ဆိုပါတယ်။ ပြီးတော့ Sim Card Slot ပါဝင်လို့ GSM 850/900/1800/1900 Network နဲ့လည်းချိတ်ဆက်ပြီး အင်တာနက်အသုံးပြုလို့သလို ထူးခြားတာက ဟန်းဆက်များကဲ့သို့ ဖုန်းခေါ်ဆိုမှုတွေပါ ဆောင်ရွက်လို့ရပါတယ်။ အဲ့ဒီ Tablet လေးကို 2500 MAh Lion Battery ကိုအသုံးပြုထားတာမို့ တစ်ခါအားအပြည့်သွင်းထားရင် ခုနှစ်နာရီကျော်ကြာ ဆက်တိုက်အသုံးပြုလို့ရတယ်လို့လည်း သိရပါတယ်။ နေပြည်တော်ဒေသအတွင်း အဆိုပါအမျိုးအစား Tablet လေးကို ၀ယ်ယူလိုပါက နေပြည်တော် ပျဉ်းမနားပေါင်းလောင်းရပ်ရှိ Dr.G Mobile ဖုန်း-၀၉၅၃၅၁၅၁၃ သို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်း သိရသည်။ 
ရေးသားသူ -ကျော်ဇေယျ
Internet Journal

No comments:

Post a Comment