Tuesday, June 5, 2012

ပြည်ပ နိုင်ငံများသို့ Website တစ်ခု မှတဆင့် သတင်းတို Message ပို့နိုင်မည်

ပြည်ပနိုင်ငံ မှာရှိတဲ့ မိမိရဲ့ မိတ်ဆွေ သူငယ်ချင်း များရဲ့ မိုဘိုင်းဖုန်း များကို သတင်းတို Message အခမဲ့ ပေးပို့မူကို http://www.dailysms.com မှတစ်ဆင့်
ပေးပို့ နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ ပေးပို့မူဟာ ၀က်ဆိုက်မှာ မိမိရဲ့ ကိုယ်ပိုင် Account ဖွင့်ပြီး အခမဲ့ ပေးပို့ နိုင်တယ် လို့လည်း သိရပါတယ်။ မိုဘိုင်းနဲ့ အသုံးပြု လိုပါက မိမိရဲ့ မိုဘိုင်းဖုန်းကို အင်တာနက် တပ်ဆင် ထားမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ပေးပို့လိုသူတွေ အနေ နဲ့တော့ http://www.dailysms.in ကိုဖွင့်ပြီး Free SMS ကို Click လုပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မှာတော့ Select country နေရာမှာ မိမိပို့လိုတဲ့ နိုင်ငံအား ရွေးချယ်ပြီး ဖုန်းနံပါတ် နေရာမှာ မိမိပို့မယ့် သူရဲ့ ဖုန်းနံပါတ်ကို ရိုက်ပြီး ပို့နိုင်တယ်လို့ သိရပါတယ်။ အခုလို ၀က်ဆိုဒ်များမှ တစ်ဆင့် မက်ဆေ့ အခမဲ့ ပေးပို့နိုင်ခြင်းမှာ အရင်ထဲကရှိတဲ့ Website ဖြစ်ပေမယ့် အသုံးပြုသူ နည်းတဲ့ အတွက် တွင်တွင် ကျယ်ကျယ် မသုံးတာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍ အကြောင်းအရာ များကို ဖြေဆိုပေးနေတဲ့ Call Center မှ သိရှိရပါတယ်။
MRTV4

No comments:

Post a Comment