Friday, June 8, 2012

လိင်မှတစ်ဆင့် ကူးစက်ရောဂါ အထူးပိုး တစ်မျိုး ပျံ့နှံ့လာဟု WHO ပြော

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO မှ ယခုအပတ် အတွင်း ထုတ်ပြန်လိုက်သည့် သတိပေးချက် တစ်ရပ်အရ  ပြည်သူ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်ပြဿနာကြီး တစ်ခု ပေါ်ထွန်း လာနေကြောင်း ပြောကြားလိုက်ကာဆီးပူညောင်းကျ ရောဂါပိုး၏ပိုမို ပြင်းထန်သော ရောဂါပိုးသစ်
ကို တွေ့ရှိခဲ့ကာ ယင်းပိုးမှာ လက်ရှိ ပဋိဇီဝ ဆေးများကို ခံနိုင်ရည် ရှိသည်ကို တွေ့ရှိခဲ့ရပြီ ဖြစ်သည်။

ယခုလို ဖြစ်ရပ်ကြောင့် စိုးရိမ်မှုများ ဖြစ်ပွားနေရပြီ ဖြစ်ကာ အဆိုပါ ရောဂါပိုးမှာ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးများထဲတွင် ကူးစက်မှု အများဆုံး ဖြစ်ပြီး ကမ္ဘာနှင့်အဝှမ်း တစ်နှစ်လျင် ၁၀၆ သန်း ကူးစက်နေရကြောင်း သိရသည်။ အဆိုပါ ရောဂါပိုးကို နောက်ဆုံး တိုက်ဖျက်နိုင်သည့် အပြင်းဆုံး ဆေးဖြစ်သော cephalosporin ဆေးမှာ ဆေးမတိုးမှု ဖြစ်စဉ် ဖြစ်ခဲ့ရ အပြီးတွင် ယခုလို ခံနိုင်ရည်ပြင်းသည့် စူပါပိုးကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့သော ပိုးကြောင့် အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးလုံးတွင် မျိုးမအောင်မှုများကို ဖြစ်စေနိုင်သည့် အပြင်  ဆီးပူညောင်းကျ ရောဂါပိုး ရှိနေသူ မိခင်မှ မွေးလာသည့် ကလေးထက်ဝက်မှာလည်း ပြင်းထန်သည့် မျက်စိရောဂါကို ဖြစ်စေနိုင်ကြောင်း သိရသည်။ ယခု ဖြစ်ရပ်ကြောင့် WHO အနေဖြင့် ပိုမို ဘေးကင်း လုံခြုံသည့် လိင်ဆက်ဆံမှု အလေ့အကျင့်များကို ပြုလုပ်နိုင်မည့် ကမ္ဘာနှင့်အဝှမ်း ကျင့်သုံးနိုင်သော အစီအစဉ်သစ် တစ်ခုကို ချပြခဲ့ကြောင်းလည်း သိရကာ ၎င်းတို့ အနေဖြင့် ယင်းရောဂါပိုး ရှိနေခဲ့သည်ကို ယခင်က မသိရှိခဲ့ရကြောင်းလည်း ပြောကြား သွားခဲ့သည်။
CNN

No comments:

Post a Comment