Friday, July 20, 2012

AZG ရခိုင်တွင် ခြေကုတ်စခန်းရအောင်ကြိုးစားနေ


ရခိုင်တွင် လွန်ခဲ့သောဇွန်လအတွင်း ဘင်္ဂလီမူဆလင် - ရခိုင်အဓိကရုဏ်းဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်သူလူထုက UN နှင့် INGO အဖွဲ့အစည်းများအား ရခိုင်ပြည်တွင် ဆက်လက်ရပ်တည်ခွင့် မပေးလိုသော လှုပ်ရှားမှုမျိုးကို ပြုလုပ်နေချိန်တွင် နယ်စီးမခြားဆရာဝန်များအဖွဲ့ (AZG) သည် ရခိုင်ပြည် တွင်ခြေကုတ်စခန်း ရအောင်ကြိုးစားနေကြောင်း သတင်းရရှိသည်။
AZG အဖွဲ့အစည်း ရခိုင်တွင် ခြေကုတ်စခန်းတစ်ခုရရှိရန်အတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်နှင့် ပူးပေါင်းကာလုပ်ဆောင်နေကြောင်းသိရသည်။
"ကျန်းမာရေးလုပ်ငန်းကို သံဃာတွေက လက်မခံဘူးဆိုရင် စာတင်လို့ရတယ်၊ ကျန်းမာရေလုပ်ငန်းတွေကို နှောင့်ယှက်နေတဲ့သူတွေကို ၀န်ကြီးချုပ်ကိုတိုင်ကြားပြီး အရေးယူပစ်မယ်" သန်းထွန်အောင် ကြုံးဝါးနေကြောင်း သတင်းရရှိသည်။
AZG သည် ယခင်က ကျန်းမာရေးဌာနနှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိခဲ့ဘဲ ဘင်္ဂလီမူဆလင် - ရခိုင် အဓိကရုဏ်း ဖြစ်ပေါ်ပြီးနောက် ကျန်းမာရေးဌာနနှင့် အထူးတလေ ပူးပေါင်းဆောင်ရွက်နေပြီး ၀န်းကြီးများနှင့် မကြာခဏ အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။
AZG ကို MSF (Holland) ဟုလည်း အမည်နှစ်မျိုးရှိခဲ့ရာ ယခင်က AZG အမည်ဖြင့်သာ တောက်လျှောက်လှုပ်ရှားခဲ့သဖြင့် ပြည်သူလူထုက AZG အမည်တစ်ခုတည်းကိုသာ သိရှိထားခဲ့ရာ ရခိုင်များက AZG မှ ကူညီပေးမှုအားလက်မခံသဖြင့် MSF (Holland) ဖြင့် ကယ်ဆယ်ရေးစခန်းများကို ၀င်ရောက်ရန်ကြိုးစားနေပြီး၊ ကူညီပေးရာတွင်လည်း MSF (Holland) ဖြင့်သာလက်မှတ်ရေးထိုးပေးကြောင်း သိရသည်။
ဒေါက်တာသန်းထွန်းအောင်သည် မြို့တွင်းကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောင့်မှုလုပ်နေသော ဆရာ၊ ဆရာမများအား အကြောင်းအမျိုးမျိုးပြကာ ရုံးလုပ်ငန်းတွင် ခိုင်းစေထားပြီး ကျန်းမာရေးစောင့်ရှောင့်မှုလုပ်ငန်းများတွင် AZG မှ အဖွဲ့ဝင်များကို အသုံးပြုခဲ့ကြောင်း သတင်ရရှိသည်။
ရခိုင်တွင် ဇွန်လက အကြမ်းဖက်မှုကြောင့် ဘင်္ဂလီမူဆလင်နှင့် ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ ရှိခဲ့ရာ UN နှင့် INGO က မူဆလင်များကိုသာ ကူညီကယ်ဆယ်ရေး ပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ရာ မျှတမှုမရှိသော လုပ်ရပ်များကြောင့် ဘင်္ဂလီမူဆလင်များအား မည့်သည့်အရာကိုမျှ ကူညီမပေးနိုင်ရန် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ကြသည်။
မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးချစ်ကျောင်းသားများ ရခိုင်သို့ရောက်ရှိလာခဲ့ရာ တိုင်းရင်းသားဘက်မှ ညီအစ်ကိုရင်းပမာရပ်တည်ကာ ရခိုင်အရေးပြဿနာကို တတ်နိုင်သမျှ ၀ိုင်းဝန်းဖြေရှင်းပေးမည်ပြောကြားပြီးနောက် ဘင်္ဂလီမူဆလင်ကျေးရွာဖြစ်သော ခေါင်းဒုက္ကာနှင့် ဂေါဒူဖ ရွာများသို့ ဆေးဝါးအစုံပါ နှစ်ဖာကို ဒေသခံတစ်ဦးမှတစ်ဆင့် ပြည်နယ်မှူးထံသို့ ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။
Arakan Times

No comments:

Post a Comment