Tuesday, July 17, 2012

နယ်မြေပိုင်နက် အငြင်းပွားနေစဉ်ကာလအတွင်း တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်အား ပြန်လည်ခေါ်ယူ


အရှေ့တရုတ်ပင်လယ်အတွင်းရှိနယ်မြေပိုင်နက်အရေးကိစ္စနှင့်စပ်လျဉ်း၍အာရှအင်အားကြီး နိုင်ငံများဖြစ်သော တရုတ်နှင့်ဂျပန်နှစ်နိုင်ငံအကြားအငြင်းပွားမှုများ ဖြစ်ပေါ်နေသည့်ကြားမှ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်အတွက် တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကို ဇူလိုင် ၁၅ ရက်တွင် ၄င်းနိုင်ငံက ပြန်ည်ခေါ်ယူခဲ့ကြောင်း အင်တာနက် သတင်းများအရ သိရသည်။ ထို့ကြောင့် တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ယူအီချီရိုနီဝါသည် အဆိုပါ အငြင်းပွားမှုနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘာနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၄င်းဆွေးနွေးပွဲ ပြီးဆုံးပါက တရုတ်နိုင်ငံသို့ ပြန်လိမ့်မည်ဖြစ်ကြောင်း နီဝါ၏ ပြောကြားချက်အရ သိရသည်။ ယင်ကဲ့သို့ နီဝါအား ပြန်လည်ခေါ်ယူရခြင်းမှာ စေ့စပ်ဆွေးနွေးရန်အတွက်သာ ဖြစ်ကြောင်း ဂမ်ဘာက ပြောကြားခဲ့သည်ဟု ဂျပန်သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 
(အင်တာနက်)
khitlunge

No comments:

Post a Comment