Wednesday, July 25, 2012

မန်ယူအသင်းသို့ မော်ရာပြောင်းရွှေ့မည် မဟုတ်ဟု အေးဂျင့်ဖြစ်သူဖွင့်ဟ

မန်ယူသို့ ပြောင်းရွှေ့ရန် မဖြစ်နိုင်တော့သည့် မော်ရာ
ဘရာဇီး ကြယ်ပွင့် ကစားသမား မော်ရာ၏ အေးဂျင့်ဖြစ်သူမှ သူ၏ ကစားသမားသည် ယခု နွေရာသီတွင် မန်ယူ အသင်းသို့ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
မန်ယူအသင်းသည် မော်ရာအတွက် ကမ်းလှမ်းမှုအား ငြင်းပယ်ခံခဲ့ရသော်လည်း ပြောင်းရွှေ့ကြေး ထပ်မံတိုးမြှင့် ပေးရန် ဆန္ဒမရှိကြောင်း သိရသည်။ ဆော်ပေါ်လို အသင်းသည် မော်ရာအတွက် ပေါင်သန်း (၃၀) အလိုရှိနေပြီး အဆိုပါ ပမာဏမှာ မန်ယူ အသင်းမှ ပေးချလိုသော ပြောင်းရွှေ့ကြေး ပမာဏ မဟုတ်သည့် ကမ်းလှမ်းမှုကို ရုတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
တောင်အမေရိက၏ ထိပ်တန်းအေးဂျင့် ဖြစ်သူ ရိုဘီရိုမှ မန်ယူအသင်းနှင့် အပြောင်းအရွှေ့ ပျက်ပြယ်မှုနှင့်အတူ သူ၏ ကစားသမားမှာ မည်သည့် အသင်းကိုမှ ပြောင်းရွှေ့တော့မည် မဟုတ်ပဲ အပြောင်းအရွှေ့ သတင်းများနှင့် ဝေးရာတွင် နေထိုင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
“မန်ယူအသင်းဟာသူတို့ သတ်မှတ်ထားတဲ့ အတိုင်းအတာကို ရောက်ခဲ့ပါပြီ၊ မော်ရာက ပြောင်းရွှေ့တော့မှာ မဟုတ်ပါလူး၊ သူဆော်ပေါ်လိုမှာ ပျော်ရွှင်နေပါတယ်”ဟု ရိုဘီရိုမှ ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment