တရုတ်ပြည်က စာစောင်တခုနဲ့ အင်တာဗျူးမှာ ရဲရဲတောက် ပြောကြားခဲ့တယ် ဆိုတဲ့ ဦးအောင်သိန်းလင်းရဲ့ ဒိုင်ယာလော့တွေကို အွန်လိုင်းမှာ ဖတ်မိသူများ အကြီးအကျယ် အံ့အားသင့်နေကြပါတယ်။
ဒီလို ပြောဆိုတတ်သူတယောက်က ဘာကြောင့် လွှတ်တော်ထဲ ရောက်နေတာလဲ ဆိုပြီး တချို့က မေးခွန်း ထုတ်နေကြပါတယ်။
တချို့ကလည်း သူ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်နိုင်တဲ့ နည်းလမ်း ရှိတယ်လို့ အခိုင်အမာ ဆိုနေပါတယ်။
ဒါဆို ဦးအောင်သိန်းလင်း လွှတ်တော်ထဲကနေ အထုတ် ခံရမှာလား။ နည်းလမ်း ရှိတယ် ဆိုတော့လည်း ကြိုးစားကြဖို့ လှုံ့ဆော်မှုတချို့လည်း ထွက်ပေါ်နေပါပြီ။
Forum for Democracy in Burma (FDB) အဖွဲ့ကတော့ သူတို့ရဲ့ ဖေ့ဘုတ် http://www.facebook.com/media4fdb မှာ အခုလို တိုက်တွန်းထားပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင်များက ပြန်လည်ရုတ်သိမ်းလို့ရပါတယ်။
အခန်း (၈) နဲ့ (၉ )မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။ ဦးအောင်သိန်းလင်းရဲ့ မဲဆန္ဒနယ်မှ ပြည်သူများက လက်မှတ်များ ရေးထိုးပြီး ကော်မရှင်ထံ တိုင်ကြားကြပါခင်ဗျား။
irrawaddy blog


No comments:
Post a Comment