Saturday, July 21, 2012

ဖာဂူဆန် - ဖာဒီနန်ရဲ့ အင်္ဂလန် ကစား သမားဘ၀က ကုန်ဆုံးသွားပါပြီ


မန်ယူ နည်းပြ ဖာဂူဆန်မှ ရီယိုဖာဒီနန်အား အင်္ဂလန် ကစားသမား ၀တ်စုံဖြင့် နောက်တစ်ကြိမ် ထပ်မံတွေ့မြင့်ရမည်ဟု မထင်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ ဖာဒီနန်သည် အင်္ဂလန် အသင်းအတွက် (၈၁)ပွဲပါဝင် ကစားပေးခဲ့ သော်လည်း ယူရို-၂၀၁၂ ပြိုင်ပွဲဝင် အင်္ဂလန်၏ လူစာရင်းတွင် ချန်လှပ်ထားခဲ့ခြင်း ခံခဲ့ရသည်။ နည်းပြ ဟော့ဒ်ဆန်မှ သူ၏ အသင်းအား ဘောလုံးကစားနိုင်ခြင်း အပေါ်မှာသာ မူတည်၍ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု အကြောင်းပြခဲ့သော်လည်း ဖာဒီနန်မှ သူ၏ညီနှင့် တယ်ရီတို့ကြား ပြဿနာကြောင့် ၎င်းအား ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ “ကျွန်တော်တော့ မထင်ပါဘူး(ဖာဒီနန် အင်္ဂလန် အတွက် နောက်တစ်ကြိမ်ပြန်ကန်ရမယ်လို့)၊ ကျွန်တော်တွေ့ရမှာပါ မဟုတ်ပါဘူး”ဟု ဖာဂူဆန်မှ သတင်းထောက်များသို့ ပြောဆိုခဲ့သည်။
soccer weekly

No comments:

Post a Comment