Friday, July 13, 2012

ရွှေဂုံတိုင်လမ်းဆုံတွင် ဂုံးကျော်တံတား တည်ဆောက်မည်

ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်လမ်းဆုံတွင် ဂုံးကျော်တံတား တည်ဆောက်ရန်ရန်ကုန်တိုင်းဒေသကြီးသို့ ပုံစံဒီဇိုင်း များရေးဆွဲတင်ပြထားပြီးဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။
 
 “Capital D ရော့မန့် ကုမ္မဏီက တာဝန်ယူတည်ဆောက်သွားမှာ။ ၂၀၁၂ခုနှစ်မကုန်ခင်တည်ဆောက်သွားမယ်လို့ လျာထားတယ်။ အခုမြေတိုင်းတာတွေဘာတွေတော့ စပြီးလုပ်နေပါပြီ။” ဟု စည်ပင်သာယာရေး  ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ယခုအခါတွင် ရွှေဂုံတိုင် ဂုံးကျော်တံတားတည်ဆောက်ရန်အတွက်မြေတိုင်းတာမှုများကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။လတ်တလောတွင် ဂုံးကျော်တံတားအရှည်နှင့် အကျယ်အဝန်းကိုမူ မသိရှိရသေးပေ။
 
အဆိုပါ ရွှေဂုံတိုင်လမ်းဆုံဂုံးကျော်တံတားတည်ဆောက်ခြင်းနှင့် ပတ်သတ်၍ယာဉ်မောင်းတစ်ဦးမှ “ဂုံးကျော် တံတားတွေ ဆောက်နေတာတော့ ကောင်းပါတယ်။
 
"ရွှေဂုံတိုင်နားရောက်ရင် ကားတွေက တအားပိတ် နေတော့ သွားရတာအဆင်မပြေဘူး။ဒါပေမယ့် တကယ်ဆောက်တဲ့ အချိန်ကျရင်တော့ ကားလမ်းတွေ ဘယ်လောက်ထပ်ပိတ်ဦးမယ်မသိဘူး။”ဟုဆိုသည်။
 
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၂ခုနှစ်အတွင်း လှည်းတန်းဂုံးကျော်တံတားကိုရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီမှ တာဝန်ယူ၍ မတ်လတွင်စတင်တည်ဆောက်နေပြီး ဘုရင့်နောင်ဂုံးကျော်တံတားကိုမူ FMI ကုမ္မဏီမှတာဝန်ယူ၍ မေလတွင် တည်ဆောက်နေခြင်းဖြစ်သည်။
ထွန်းနေအောင်(မြစ်မခ)

No comments:

Post a Comment