Wednesday, July 25, 2012

ဒရော့ဘာကို ခေါ်ယူရန် စီစဉ်ခဲ့ကြောင်း ဖာဂူဆန်ဖွင့်ဟ

ဖာဂူဆန်မှ ခေါ်ယူရန် စီစဉ်ခဲ့ဖူးသည့် ဒရော့ဘာ
ဖာဂူဆန်သည် ချယ်လ်ဆီး အသင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့သည့် ဒရော့ဘာအား ခေါ်ယူရန် စီစဉ်ခဲ့ဖူးကြောင်း ၎င်း၏ ဖွင့်ဟချက်အရ သိရသည်။
ဒရော့ဘာသည် ချယ်လ်ဆီး အသင်းနှင့် လမ်းခွဲခဲ့စဉ်က စိန်ခေါ်မှု အသစ်များကို ရင်ဆိုင်လိုကြောင်း ပြောဆိုခဲ့ပြီး ယနေ့တွင် မန်ယူအသင်းနှင့် ခြေစမ်းပွဲ ကစားမည့် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာ အသင်းသို့ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး ဖာဂူဆန်မှ ၎င်းအား မန်ယူအသင်းသို့ ခေါ်ယူလိုခဲ့ကြောင်း သိရသည်။
“သူ့ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ခဲ့ပါတယ်၊ သူကချယ်လ်ဆီး အသင်းကနေ ထွက်ခွာခဲ့မယ် ဆိုရင် အင်္ဂလန်မှာ မကစားတော့ဘူးလို့ ပြောခဲ့ပါတယ်၊ အဲဒါကပဲ မေးခွန်းရဲ့ အဖြေဖြစ်ခဲ့ပါတယ် ဒါပေမယ့် ကျွန်တော်သူ့ကို စွဲဆောင်ခဲ့သင့်ပါတယ်”ဟု ဖာဂူဆန်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment