Monday, July 16, 2012

ဂျူဗင်တပ် အသင်းအား စိန်ခေါ်နိုင်စွမ်းရှိသည်ဟု ဟမ်ဆစ်ခ်ကြုံးဝါး

ဂျူဗင်တပ်ကို စိန်ခေါ်နိုင်စွမ်းရှိသည်ဟု ကြုံးဝါးခဲ့သည့် ဟမ်ဆစ်ခ်
ဟမ်ဆစ်ခ်မှ သူ၏ နာပိုလီ အသင်းသည် ဂျူဗင်တပ် အသင်းနှင့် အပြိုင် စီးရီးအေ ဆုဖလားကို စိန်ခေါ်နိုင်စွမ်း ရှိသည်ဟု ယူဆနေသည်။
နာပိုလီ အသင်းသည် ယမန်နှစ် ရာသီက ဂျူဗင်တပ် အသင်းနှင့် (၂၃)မှတ် အကွာ အဆင့် (၅) နေရာသာ ရရှိခဲ့သော်လည်း ဟမ်ဆစ်ခ်မှ လာမည့် ရာသီသစ်တွင် သူတို့အသင်းသည် ပိုမိုကောင်းမွန်သော ခြေစွမ်းပြသနိုင်မည်ဟု ယုံကြည်နေခြင်းလည်း ဖြစ်သည်။
“ကျွန်တော်တို့ လွန်ခဲ့တဲ့ (၅)နှစ်အတွင်းမှာ ကျွန်တော်တို့ အသင်းဘယ်လောက်ထိ တိုးတက်လာပြီလဲ ဆိုတာကို သက်သေပြနိုင် ခဲ့ပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဆက်လက် တိုးတက်နေဦးမှာပါ။ ဂျူဗင်တပ် အသင်းကို စိန်ခေါ်နိုင်တဲ့ အသင်းများစွာ ရှိနေပါတယ် အဲဒီအထဲမှာ နာပိုလီလည်း ပါပါတယ်”ဟု ဟမ်ဆစ်ခ်မှ ကြုံးဝါးပြောဆိုခဲ့သည်။
နာပိုလီ အသင်းသည် ဂျူဗင်တပ် အသင်းနှင့် ကစားရမည့် စူပါကိုပါ ဖလား ပွဲစဉ်နှင့်အတူ (၂၀၁၂-၁၃) ဘောလုံးရာသီကို စတင်ရမည် ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment