လက်ရှိအချိန်တွင် တစ်ပတ်လုပ်ခ ပေါင်
(၁၃၀၀၀၀) ရရှိနေသည့် ဆေးလ်ဗားသည် ယမန်နှစ် ရာသီက ပြသခဲ့သည့်
ခြေစွမ်းကြောင့် လစာငွေ တိုးမြှင့်ရရှိမည် ဖြစ်ကာ တစ်ပတ်လုပ်ခ ပေါင်
(၁၉၀၀၀၀)ကျော် ရရှိခဲ့မည် ဖြစ်ပြီး ယာယာတိုရေး၊ တီးဗက်ဇ် နှင့် အဂူရိုတို့
ရရှိသည့် လစာငွေနှင့် တူညီသွားမည် ဖြစ်သည်။
ဆေးလ်ဗား၏ အေးဂျင့် ဖြစ်သူနှင့်
စီးတီးအသင်း၏ ကိုယ်စာလှယ်တို့သည် ဘာစီလိုနာမြို့တွင် တွေ့ဆုံခဲ့ပြီး ၎င်း၏
စာချုပ်သစ် အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ဆေးလ်ဗားသည် သူ၏ အားလပ်ရက်
အပြီးတွင် (၄) နှစ် သက်တမ်းရှိ စာချုပ်သစ်တွင် လက်မှတ်ရေးထိုးမည်
ဖြစ်ကြောင်း သိရသည်။
ရီးရဲလ်မက်ဒရစ် အသင်းမှ ချဉ်းကပ်ခြင်း
ခံခဲ့ရသော်လည်း ဆေးလ်ဗားသည် သူ၏ အနာဂတ်အား မန်စီးတီး အသင်းတွင်သာ
ဆက်ရှိနေရန် ဆုံးဖြတ်ခဲ့ပြီး ယခုလို စာချုပ်သက်တမ်းတိုးရန်
စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။
soccer weekly

No comments:
Post a Comment