Monday, July 9, 2012

တရုတ် အာကာသယာဉ်မှူးသုံးဦး၊ပြန်လည်ရောက်ရှိ


ပေကျင်း - ၂၀၂၀ ပြည့်နှစ်မတိုင်မီ အာကာသစခန်းတစ်ခု တည်ဆောက် ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သော တရုတ်နိုင်ငံ၏ လူလိုက်ပါသည့် အာကာသယာဉ်ဖြင့် ကမ္ဘာ ပတ်လမ်း အတွင်းရှိ အာကာသစခန်းသို့ ပထမဆုံး အောင်မြင်စွာ ဆင်း သက်နိုင်ခဲ့ပြီးနောက် တရုတ် အာကာသယာဉ်မှူးများမှာ ဇွန်လ ၂၉ ရက်နေ့က ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နိုင်ငံ၏ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးပါဝင်သည့် ရှန်ကျို့- ၉ အာကာသယာဉ်မှာ တရုတ်နိုင်ငံ မြောက်ပိုင်း ဝေးလံခေါင်သီသည့် သဲ ကန္တာရတစ်ခုအတွင်းရှိ ဂြိုဟ်တုဆင်း ကွင်းသို့ ဆင်းသက်ခဲ့ပုံကို နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန CCTV မှ ထုတ်လွှင့် ပြသခဲ့သည်။
အာကာသယာဉ်မှူးသုံးဦး စလုံး ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန် လျက်ရှိကြောင်း နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
အာကာသယာဉ်မှူးသုံးဦးမှာ ကမ္ဘာ ပတ်လမ်းကြောင်းအတွင်းရှိ ထျန်ကောင်း-၁ အာကာသစခန်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ထိုသို့ ဆောင်ရွက်မှုမှာ တရုတ်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်မတိုင်မီ အာကာသစခန်းတစ်ခု တည်ဆောက်မည့် လုပ်ငန်းစဉ်တွင် ပဓာန ကျသော ခက်ခဲသည့် လုပ်ဆောင် မှုတစ်ရပ်ဖြစ်သည်။
အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ကမူ ၁၉၆၀ ပြည့်လွန်နှစ်များ ကတည်းက ထိုသို့ဆောင်ရွက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
ထိုသို့ ကမ္ဘာပတ်လမ်းကြောင်း အတွင်းရှိ အာကာသစခန်းဖြင့် ချိတ်ဆက် မှုမှာ တရုတ်နိုင်ငံ၏ လူလိုက်ပါခြင်းရှိ သော လေးကြိမ် မြောက် အာကာသ ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်ဖြစ်သည်။
တရုတ်နိုင်ငံက ၎င်း၏ အာကာသ အစီအစဉ်ကြောင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာသည်ကို ကမ္ဘာကသိရှိလာပြီး ကွန်မြူနစ်ပါတီ ၏ အောင်မြင်မှုသည် တစ်ချိန်က ဆင်းရဲမှုဒဏ် ခံစားခဲ့ရသော တရုတ်နိုင်ငံ ၏ ကံကြမ္မာကို ပြောင်းလဲပစ်လိုက် နိုင်သည်ဟု ထင်မြင်ယူဆသည်။
ရှန်ကျို့-၉ အာကာသယာဉ်တွင် ဦးဆောင်သူမှာ ၎င်း၏ တတိယမြောက် အာကာသခရီးစဉ်အဖြစ် လိုက်ပါသည့် ကျင်းဟိုင်ပင်းဖြစ်ပြီး လျူဝမ်းမှာ အာကာသယာဉ် ဆင်းသက်မှုကို လုပ်ဆောင်ခဲ့ကာ လျူယန်းမှာ အာကာသ သို့ ပထမဆုံးအကြိမ် စေလွှတ်ခံရသော အမျိုးသမီး သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုခံခဲ့ရသည်။
Myanmar Times

No comments:

Post a Comment