Wednesday, July 18, 2012

ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီး

 ဓာတ်ပုံ - www.firstpost.com

ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးလို့ နာမည်ကြီး FHM အမျိုးသားမဂ္ဂဇင်းက ၄ နှစ်ဆက်တိုက် မဲပေး ရွေးချယ်ခဲ့တဲ့ ဘောလီးဝုဒ် (Bollywood) ရုပ်ရှင်မင်းသမီးချော ကက်ထရီနာ ကာ့ဖ် (Katrina Kaif) ဟာ ဒီနေ့ဆိုရင် အသက် ၂၈ နှစ် ပြည့်ပါပြီ။

အင်္ဂလိပ်မိခင်နဲ့ အိန္ဒိယဖခင်တို့က ပေါက်ဖွားလာတဲ့ ကက်ထရီနာဟာ ဟောင်ကောင်မှာမွေးပြီး အင်္ဂလန်မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

ကက်ထရီနာဟာ ၂၀၀၃ ခုနှစ်မှာ Boom ရုပ်ရှင်နဲ့ ဘောလီးဝုဒ်လောကထဲကို စတင်ဝင်ရောက်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။
ဒါပေမယ့် သူ့ရဲ့ ၂၀၀၇ ခုနှစ် Namaste London ရုပ်ရှင် ထွက်လာပြီးနောက်မှာတော့ ဘောလီးဝုဒ်ရဲ့ ထိပ်တန်းသရုပ်ဆောင် တယောက် ဖြစ်သွားပါပြီ။

အခုဆိုရင် ရုပ်ရှင်သရုပ်ဆောင်အဖြစ်သာမက Vogue, Elle နဲ့ Bazaar စတဲ့ နိုင်ငံတကာမဂ္ဂဇင်းတွေအတွက် မျက်နှာဖုံးပုံရိုက်တာ၊
နာမည်ကြီး ဒီဇိုင်နာတွေရဲ့ ဖက်ရှင်ပွဲတွေမှာ လမ်းလျှောက်တာတွေအပြင်
လူကြိုက်များ အသုံးအဆောင်ပစ္စည်းတွေ ဖြစ်တဲ့ Lakme၊ Pentene၊ Veet၊ L'Oreal၊ Kodak ကင်မရာ၊ Samsung၊ LG နဲ့ Estelle လက်ဝတ်ရတနာ ကုမ္ပဏီတွေအတွက်လည်း ကြော်ငြာတွေ ရိုက်နေပါပြီ။
ဓာတ်ပုံ - www.bollywoodmantra.com
ကမ္ဘာကျော် ရှာဖွေရေးကုမ္ပဏီကြီး ဂူဂယ်လ်ကတော့ ကက်ထရီနာဟာ ၂၀၀၈၊ ၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်တွေအတွင်း ဂူဂယ်လ်မှာ လူအများဆုံး ရှာကြည့်သူတယောက်လို့ ဆိုပါတယ်။
မူရင်း www.firstpost.com
irrawaddy blog

No comments:

Post a Comment