Friday, July 27, 2012

စာချုပ်သက်တမ်းတိုးခဲ့သည့် မာရှေယာနို

စာချုပ်သက်တမ်းတိုးခဲ့သည့် မာရှေယာနို
မာရှေယာနိုသည် အသင်းနှင့် (၂၀၁၆)ခုနှစ်ထိ ရှိနေမည့် စာချုပ်သစ် တစ်ရပ်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း ဘာစီလိုနာ အသင်းမှ ကြေငြာခဲ့သည်။
ကွင်းလယ် ခံစစ် ကစားသမား အဖြစ်သာမက ဗဟို ခံစစ် ကစားသမား အဖြစ်ပါ ကစားနိုင်သည့် မာရှေယာနိုသည် လီဗာပူးလ် အသင်းမှ ယူရို (၂၂)သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် အသင်း၏ အဓိက ကစားသမား အဖြစ် နေရာရနေသူ ဖြစ်သည်။
၎င်း၏ လက်ရှိစာချုပ်မှ (၂၀၁၄)ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်ပြီး နောက်ထပ် နှစ်နှစ်သက်တမ်းတိုး ခဲ့ခြင်းကြောင့် မာရှေယာနိုသည် ဘာစီလိုနာ အသင်းတွင် ကာလရှည်ကြာစွာ ဆက်ရှိနေမည် ဖြစ်သည်။
မာရှေယာနို၏ စာချုပ်သစ်ကြောင့် ၎င်း၏ စာချုပ်လျော်ကြေးမှာ ယူရိုသန်း (၁၀၀)သို့ တိုးမြှင့်သွားပြီ ဖြစ်ကြောင်း ဘာစီလိုနာ အသင်းက ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment