Sunday, July 29, 2012

ပိုမို ကျန်းမာရ လေအောင်


အလုပ်ချိန် ပိုများခြင်း ကြောင့် စိတ်ကျ ဝေဒနာ ဖြစ်စေနိုင်
တစ်နေ့ ကို အလုပ်ချိန် ၁၁ နာရီ ဒါမှမဟုတ် ဒါထက် ပိုများတာကြောင့် တစ်နေ့ကို ခုနစ်နာရီ ဒါမှမဟုတ် ရှစ် နာရီ လုပ်ရသူတွေထက် စိတ်ကျဝေဒနာ ဖြစ်နိုင်ခြေ နှစ်ဆခန့် ပိုမိုများနိုင်တယ်လို့ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။
ဘယ်ရီသီးစားခြင်းကြောင့် ပါကင်ဆန် ရောဂါဖြစ်နိုင်ခြေ လျော့ကျနိုင်
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ အစရှိတဲ့ ဘယ်ရီသီး အမျိုးအစားတွေထဲမှ တစ်မျိုးမျိုးကို ခွက် တစ်ဝက်စာ အပတ်စဉ် စားသုံးတာ ကြောင့် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ဟား ဗတ်ဆေးတက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဘယ်ရီသီးမှာ ပါဝင်တဲ့ တချို့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေ ပျက်စီးမှုမရှိအောင် ကာကွယ်ပေးထားနိုင်တာကြောင့်လို့ သုတေသီတွေက မှတ်ချက်ချပါတယ်။
ရုံးပိတ်ရက်တွင် ဆေးလိပ်သောက်သူများနှင့် မှတ်ဉာဏ်ဆုံးရှုံးမှုပြဿနာ ဆက်စပ်မှုရှိ
ရုံးပိတ်ရက်တွေမှာသာ ဆေးလိပ် သောက်သုံးသူတွေဟာ နေ့စဉ်ဆေးလိပ် သောက်သုံးသူတွေလိုမျိုးပဲ မှတ်ဥာဏ် ပျက်စီးဆုံးရှုံးမှုရှိတယ်လို့ လေ့လာမှုအ သစ်အရ သိရပါတယ်။
အခွံမာသီးများကို အဆာပြေ စားသုံးသူများ ကိုယ်အလေးချိန် ကျဆင်းနိုင်
အခွံမာသီး(Nuts)တွေမှာ အဆီ ပါဝင်မှုများတာကြောင့် ကိုယ်အလေး ချိန်လျှော့ချလိုသူတွေက မစားဘဲ နေ တတ်ကြပါတယ်။ ဒါပေမဲ့ အဝလွန်မှု ဂျာနယ်မှ လေ့လာမှုအသစ်အရ နေ့စဉ် လက်တစ်ဆုပ်စာ အခွံမာသီးတွေကို စား သုံးသူတွေဟာ အခွံမာသီး တစ်ပတ် တစ်ကြိမ်သာ စားသူတွေထက် အဝလွန် တာဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့ နည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဘယ်ရီသီးစားခြင်းကြောင့် ပါကင်ဆန် ရောဂါဖြစ်နိုင်ခြေ လျော့ကျနိုင် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ အစရှိတဲ့ ဘယ်ရီသီး အမျိုးအစားတွေထဲမှ တစ်မျိုးမျိုးကို ခွက် တစ်ဝက်စာ အပတ်စဉ် စားသုံးတာ ကြောင့် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ဟား ဗတ်ဆေးတက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဘယ်ရီသီးမှာ ပါဝင်တဲ့ တချို့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေ ပျက်စီးမှုမရှိအောင် ကာကွယ်ပေးထားနိုင်တာကြောင့်လို့ သုတေသီတွေက မှတ်ချက်ချပါတယ်။
ဒေါက်တာခင်မိုးမိုး
Good Health

No comments:

Post a Comment