Thursday, July 12, 2012

ပေါင်သန်း ၂၇၀၀၀၀ တန် ဇိမ်ခံရွက်လှေ ပေါက်ကွဲနစ်မြုပ်


ပေါင်သန်း ၂၇၀၀၀၀ တန်ကြေးရှိ ဇိမ်ခံရွက်လှေတစ်စီးသည် ဇူလိုင် ၁၀ ရက်က အင်္ဂလိပ်ရေလက်ကြားတွင် ပေါက်ကွဲနစ်မြုပ်ခဲ့သော်လည်း ရွက်လှေပိုင်ရှင် ပေါင်ဝပ်နှင့် ၄င်း၏ အဖော် ဂျွန်အင်နက်စ်တို့မှာ အသက်ဘေးမှ သီသီကလေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရွက်လှေသည် ၄င်းတို့နှစ်ဦး ဟမ်ရှိုင်းယားဆိပ်ကမ်းမှ ထွက်ခွာပြီး ၁၅ မိနစ်အတွင်းမှာပင် ပေါက်ကွဲနစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။ မိမိသည် ရွက်လှေပေါက်ကွဲချိန်တွင် အသက်ကယ်လှေကို ရေထဲသို့ ပစ်ချချိန်၌ မိမိနောက်ကျောနှင့် ဂျာကင်အင်္ကျီတို့တွင် မီးစွဲလောင်နေပြီး ဆံပင်များသည်လည်း မီးလောင်ခံထားရသည်ဟု ၀ပ်ကပြောသည်။ ၄င်းတို့သည် အသက်ကယ်လှေဖြင့် ၁၀ မိနစ်ကြာ မျောပါနေခဲ့ပြီးမှ ကမ်းခြေစောင့်ရဲတပ်ဖွဲ့က ၄င်းတို့အား ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရွက်လှေ နစ်မြုပ်သွားသည်ကိုလည်း စောင့်ကြည့်ခဲ့ကြသည်ဟု ၀ပ်ကပြောသည်။ ယခုအခါ မစ္စတာဝပ်သည် လျော်ကြေးငွေ ပေါင် ၃၀၀၀၀၀ ကျော် ရရှိရန်အတွက် အဆိုပါရွက်လှေအား ရောင်းချခဲ့သည့် ကုမ္ပဏီကို တရားစွဲဆိုထားကြောင်း သိရသည်။ 
(အင်တာနက်)
khitlunge

No comments:

Post a Comment