Sunday, July 29, 2012

ဟာနန်နက်စ်အား စိတ်ဝင်စားနေသည့် ဘာကာ နှင့် အေစီ

အေစီနှင့်ဘာကာ အသင်းများမှ စိတ်ဝင်စားနေသည့် ဟာနန်နက်စ်
အေစီမီလန် နှင့် ဘာစီလိုနာ အသင်းတို့သည် လာဇီယို ကွင်းလယ် ကစားသမား ဟာနန်နက်စ်အား စိတ်ဝင်စားနေသည့် ကလပ်းများထဲတွင် ပါဝင်နေကြောင်း ကစားသမား၏ အေးဂျင့်ဖြစ်သူမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ဆော်ပေါ်လို အသင်းမှ ပြောင်းရွှေ့ကြေး ယူရို (၁၃.၅)သန်းဖြင့် လာဇီယိုသို့ ရောက်ရှိလာခဲ့သည့် ဟာနန်နက်စ်သည် ပြသခဲ့သည့် ခြေစွမ်းများကြောင့် ယခုနွေရာသီတွင် အသင်းပြောင်းရွှေ့မည်ဟု နာမည်ကြီးနေသူ ဖြစ်သည်။
ဟာနန်နက်စ်၏ အေးဂျင့်က သူ၏ ကစားသမားသည် လာဇီယို အသင်းတွင်သာ ဆက်လက် ကစားရန် ဆန္ဒရှိနေသော်လည်း ဘာကာ နှင့် အေစီအသင်းတို့က စိတ်ဝင်စားနေခြင်းကြောင့် ရွေးချယ်စရာ များစွာရှိနေသည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။
“ဘာစီလိုနာနဲ့ အေစီမီလန် အသင်းတို့က စိတ်ဝင်စားနေတယ်လို့ ကျွန်တော်ကြားမိပါတယ် ဒါပေမယ့် ကမ်းလှမ်းမှုတော့ မရသေးပါဘူး၊ ဟာနန်နက်စ်က လာဇီယိုနဲ့ စာချုပ်ရှိနေသလို ဒီမှာပဲ ဆက်နေချင်သူပါ၊ သူ့ရဲ့နာမည်ကတော့ အေးဂျင့်တွေကြားထဲမှာ ရေပန်းစားနေပါတယ်”ဟု ဂျို့စ်လီးမှ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment