Tuesday, July 10, 2012

ရာသီတုပ်ကွေးဖျားရက်ရှည်က နောက်ဆက်တွဲရောဂါများဖြစ်လာနိုင်

ရာသီအပြောင်းအလဲကြောင့်အဖြစ်များသော တုပ်ကွေး(ခေါ်)ရာသီတုပ်ကွေးရောဂါမှာ ဖျားရက် ရှည်ပါက ကလေးများ၌သွေးလွန်တုပ်ကွေးဖြစ်ပွားတတ်ပြီး လူကြီးများ၌ ဆင်တုပ်ကွေး(ခေါ်) ဂျပန် တုပ်ကွေးစသည့် အကျိုးဆက်ရောဂါများဖြစ်ပေါ်နိုင်ကြောင်း ဆရာဝန်များထံက သိရှိရသည်။ 
 
“ဒီရာသီအကူးအပြောင်းမှာဖြစ်တဲ့ တုပ်ကွေးက ဗီဇပြောင်းလဲတတ်တယ်။ တုပ်ကွေးကနေ အမိုး နီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါတွေလည်း ဖြစ်တတ်တယ်။ လူကြီးတွေဆိုရင် ဂျပန်တုပ်ကွေး၊ကလေးတွေဆိုရင် သွေးလွန် တုပ်ကွေးရောဂါတွေ ဆက်ဖြစ်လာနိုင်လို့ ရိုးရိုးတုပ်ကွေးပဲဆိုပြီး မပေါ့ဆသင့်ပါဘူး” ဟု အလုံမြို့နယ် ၀င်းဆေးခန်း က ဒေါက်တာမြင့်ဦးက ပြောသည်။  
 
တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများမှာအအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊
ကိုယ်လက်ကိုက်ခဲခြင်း၊ နှာခေါင်းပိတ်ခြင်းတို့စသော ဝေဒနာများခံစားရပြီး နေ့စဉ်စားသုံးသော ကြက်/၀က်များအစရှိသောတိရိစ္ဆာန်များကတဆင့်လည်းကြက်/၀က်တုပ်ကွေးရောဂါများ ဖြစ်ပေါ် နိုင်ကြောင်း
ကိုလည်း သိရှိရသည်။    
 
“တုပ်ကွေးဗိုင်းရပ်စ်ပိုးက လူရဲ့အသက်ရှုလမ်းကြောင်းကနေတဆင့် နှာခေါင်း ပါးစပ်တွေထဲဝင်ပြီး ကိုင်တွယ်မိတဲ့ပစ္စည်းတံခါးလက်ကိုင်ဘုတို့၊တစ်သျှူးတို့၊ပိုက်ဆံအိတ်၊ကွန်ပျူတာခလုတ်တို့ကတဆင့်လည်း ကူးနိုင်တယ်။ နှာချေတာ ကနေ (၁၀)ပေလောက်အထိကို တိုက်ရိုက်ကူးနိုင်တယ်။ ရောဂါခံစားရရင်လည်း တပတ်လောက်ထိ ကြာတတ်လို့ ပျောက်ကင်းတဲ့အထိ ဆေးဆက်သောက် သင့်ပါတယ်” ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဆေးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။       
 
လက်ရှိအချိန်တွင်  ဆေးဆိုင်များ၌အအေးမိ၊ကိုက်ခဲဖျားနာခြင်း(တုပ်ကွေးရောဂါ)များအတွက် ဆေးဝါးဝယ်ယူ မှုများပြားလျက်ရှိကြောင်းကိုလည်း သိရသည်။
 
ရာသီတုပ်ကွေးရောဂါဖြစ်လျှင် ဖျားနာကိုက်ခဲပျောက်ဆေးများဖြစ်သည့် ဘိုင်အိုဂျက်ဆစ်၊ ပါရာဆီတမော့၊ ဒီကိုဂျင်၊တစ်ဖီအစရှိသည့်ဆေးဝါးများကို ရောဂါပျောက်ကင်းသည်အထိစွဲသောက်ရန်လိုအပ် ကြောင်းနှင့်
အဖျားရက်ရှည်ကြာနေပါကနီးစပ်ရာ ဆေးခန်းများပြ၍ ဆေးကုသရန်လိုအပ်ကြောင်း လေထဲမှ တဆင့် ကူးစက်တတ်သော ရောဂါဖြစ်သောကြောင့် နှာချေ၊ ချောင်းဆိုးမည်ဆိုပါကလက်ကိုင်ပုဝါဖြင့်အုပ်၍ ချောင်း
ဆိုးသင့်ကြောင်းကိုလည်း ဆရာဝန်များက အကြံပြုပြောဆိုသည်။
ယမင်း(မြစ်မခ)   

No comments:

Post a Comment